DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအရေး ကူညီသူ ဒေါ်မျိုးမျိုးအေးနှင့်အဖွဲ့ အာမခံမရသေး
DVB
·
August 27, 2025
အလုပ်သမားအရေး ကူညီသူ ဒေါ်မျိုးမျိုးအေးနှင့်အဖွဲ့ အာမခံမရသေး
Donate to DVB

ဖမ်းဆီးခံထားရတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေကို ဥပဒေအရာရှိက ကန့်ကွက်လို့ အာမခံမရသေးဘူးလို့ အဲဒီအဖွဲ့ချုပ်က အသိပေးထားပါတယ်။

ရွှေပြည်သာ မြို့မရဲစခန်းက ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူ မသင်းထက်စံ အပါအဝင် ၈ ယောက်အတွက် သြဂုတ် ၂၅ ရက်က ရှေ့နေမှတဆင့် အာမခံလျှောက်ထားရာ ဥပဒေအရာရှိက ကန့်ကွက်တာကြောင့် စက်တင်ဘာ ၁ ရက်မှာ အာမခံလျှောက်လဲချက် ကြားနာဖို့ ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ STUM က ဆိုပါတယ်။

ဒေါ်မျိုးမျိုးအေး ဟာ ဇူလိုင် ၂၅ ရက်က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး STUM အဖွဲ့ဝင်တွေလည်း ဆက်တိုက်ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

သူတို့ကို စစ်ကြောရေးကနေ ပြန်လွှတ်လိုက်ပေမဲ့ နယ်မြေရဲစခန်းတွေမှာ ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ အမှုဖွင့်ပြီး ဆက်ပြီးထိန်းသိမ်းထားတာပါ။

ဒေါ်မျိုးမျိုးအေးရဲ့ မိသားစုနဲ့နီးစပ်သူတယောက်က “အန်တီမျိုးကို ဖမ်းထားတာ တလကျော်သွားပြီ။ ဘာပြစ်မှုမှ မရှိဘဲ ဖမ်းထားတဲ့သဘော ဖြစ်နေတာ။ ပြန်လွှတ်ပေးကိုပဲ အားလုံးက မျှော်လင့်နေတာ”လို့  ပြောပါတယ်။

လက်ရှိအချိန်အထိ ဒေါ်မျိုးမျိုးအေးတို့ကို တခြား ဥပဒေ၊ ပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲဆိုထားတာ မရှိဘူးလို့လည်း STUM က အသိပေးထားပါတယ်။

ဒါ့အပြင် ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာရဲစခန်းကနေ အင်းစိန်ထောင် ရွှေ့ပြောင်းထားပြီးနောက် သူ ခံစားနေရတဲ့ ဆီးချိုနဲ့ ဆက်နွှယ်ရောဂါတွေတွက် ဆေးဝါးမရရှိဘူးလို့လည်း STUM က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013