DVB Logo
Home
အားကစား
လီဗာပူးကြယ်ပွင့် ၁၆ နှစ်သား ငုမိုဟာ အသက်အငယ်ဆုံး လိဂ်ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်
DVB
·
August 26, 2025
လီဗာပူးကြယ်ပွင့် ၁၆ နှစ်သား ငုမိုဟာ အသက်အငယ်ဆုံး လိဂ်ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်
Donate to DVB

နယူးကာဆယ်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းခဲ့တဲ့ လီဗာပူး ဆယ်ကျော်သက်ကစားသမား ရီယို ငုမိုဟာ ဟာ လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး လိဂ်ဂိုးသွင်းသူ ဖြစ်လာပါတယ်။

အသက် ၁၆ နှစ်နဲ့ ၃၆၁ ရက်သာရှိသေးတဲ့ ငုမိုဟာ ဟာ နာကျင်အချိန်ပို ၉၆ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ၄ မိနစ်အကြာမှာပဲ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

သူဟာ မိုက်ကယ်အိုဝင်ရဲ့ အသက်အငယ်ဆုံးစံချိန်ကို ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာတော့ စတုတ္ထမြောက် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူဖြစ်ပြီး အဲဗာတန် ကစားသမားဟောင်း ဂျိမ်းစ်ဗောက်ဂမ်က အသက် ၁၆ နှစ်၊ ၂၇၀ ရက်နဲ့ စံချိန်တင်ထားတာပါ။

အဲဒီနောက် လိဒ်ယူနိုက်တက်အတွက် ဂိုးသွင်းခဲ့တဲ့ ဂျိမ်းစ်မီလ်နာနဲ့ အဲဗာတန်အတွက် ဂိုးသွင်းခဲ့သူ ဝိန်းရွန်နီတို့က အစဉ်လိုက် စံချိန်တင်ထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013