DVB Logo
Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်အတွက် ရင်းဂစ်သန်း ၁၀၀ အကူအညီပေးရန် မလေးရှားဝန်ကြီးချုပ် ကတိပြု
DVB
·
August 25, 2025
ဂါဇာကမ်းမြောင်အတွက် ရင်းဂစ်သန်း ၁၀၀ အကူအညီပေးရန် မလေးရှားဝန်ကြီးချုပ် ကတိပြု
Donate to DVB

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဂါဇာကမ်းမြောင်ဒေသအတွက် နောက်ထပ် ရင်းဂစ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ သန်း) အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ပါလက်စတိုင်းတို့နဲ့ စည်းလုံးညီညွတ်မှုကို ပြတဲ့အနေနဲ့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ လူ ၁၀,၀၀၀ ကျော် စုရုံးခဲ့ကြအပြီး ခုလို ကတိပြုလိုက်တာပါ။

“လွန်ခဲ့တဲ့ ၂ နှစ်က ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးဖို့ မလေးရှားအစိုးရက ရင်းဂစ်သန်း ၁၀၀ ခွင့်ပြုခဲ့ပါတယ်။ ဒီနေ့ညမှာတော့ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ဖို့အတွက် အစိုးရက နောက်ထပ်ရန်ပုံငွေ ရင်းဂစ် သန်း ၁၀၀ ပံ့ပိုးပေးမယ်လို့ ကြေညာထားပါတယ်” လို့ အခမ်းအနားမှာ အန်ဝါက ပြောပါတယ်။

စည်းလုံးညီညွတ်ရေး စုဝေးပွဲမှာ အန်ဝါက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့အဖွဲ့ဟာ “စိတ်ပျက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်တယ်” လို့ ပြောဆို ရှုတ်ချခဲ့ပါတယ်။

“ကလေးတွေက ဟားမတ်စ်တွေလို့တောင် ပြောကြတယ်။ ၂ နှစ်အရွယ် ပြေးနေတဲ့ ကလေးတွေကိုတောင် ဟားမတ်စ်လို့ ပြောကြတယ်” လို့ အန်ဝါက ဆက်ပြောပါတယ်။

အန်ဝါရဲ့ အကူအညီပေးရေးဟာ ဩဂုတ် ၃၁ ရက်မှာ စပိန်နိုင်ငံကနေ ထွက်ခွာမယ့် သင်္ဘောတွေ၊ စက်တင်ဘာ ၄ ရက်မှာ တူနီးရှားနိုင်ငံကနေ ခုတ်မောင်းမယ့် ဂါဇာ ဖလော်တီလာ သင်္ဘောတွေ၊ ၂၀၂၅ စူမတ် နူစန်တာရာ ရေယာဉ်စုတွေက အကူအညီပေးရေး အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အကူအညီပေးရေး ရေယာဉ်စုထဲမှာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ကိုယ်စားလှယ်တွေ ပါဝင်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013