DVB Logo
Home
အားကစား
ယာယီနည်းပြ တူဒေါကို စပါးအသင်း ထုတ်ပယ်
DVB
·
March 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စပါးအသင်းဟာ ရလဒ်တွေ ဆိုးရွားနေတဲ့ ယာယီနည်းပြ အီဂေါတူဒေါကို ၄၄ ရက်အကြာမှာတင် ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

တူဒေါဟာ စပါးအသင်းကို ၇ ပွဲ တာဝန်ယူခဲ့ရာမှာ ပရီးမီးယားလိဂ်နိုင်ပွဲ တပွဲမှ မရခဲ့သလို ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာခဲ့ရတာပါ။

ပြီးခဲ့တဲ့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို (၃-၀) ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စပါးအသင်းဟာ တန်းဆင်းဇုန်နဲ့ တမှတ်အကွာ အဆင့် ၁၆ နေရာမှာ ရောက်နေတာကြောင့် နောက်ထပ်ခန့်အပ်မဲ့ နည်းပြသစ်ဟာ အသင်းအတွက် အလွန်အရေးကြီးနေတာလည်း ဖြစ်ပါတယ်။

နည်းပြသစ်အဖြစ် ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီကို အဓိကလျာထားပေမဲ့ ယာယီနည်းပြအဖြစ် ရိုင်ယန်မေဆင်၊ ဟယ်ရီရက်ဒ်နက်ပ်နဲ့ ဂလင်းဟော့ဒယ်တို့ရဲ့ နာမည်တွေလည်း ထွက်ပေါ်နေပါတယ်။

စပါးအသင်းဟာ လာမဲ့ ဧပြီ ၁၂ ရက် ဆန်းဒါးလန်းနဲ့ပွဲမတိုင်ခင် နည်းပြသစ်တယောက်ကို အမြန်ဆုံး ခန့်အပ်သွားဖို့ ရှိနေတာပါ။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013