DVB Logo
Home
အားကစား
အီဆက်ခ်နှင့်  ဝစ်ဆာတို့၏ ပရော်ဖက်ရှင်နယ် မဆန်မှုအပေါ်  ဝိန်းရွန်နီ ဝေဖန်
DVB
·
August 23, 2025
အီဆက်ခ်နှင့်  ဝစ်ဆာတို့၏ ပရော်ဖက်ရှင်နယ် မဆန်မှုအပေါ်  ဝိန်းရွန်နီ ဝေဖန်
Donate to DVB

အသင်းပြောင်းရွှေ့ဖို့ အတင်းအကျပ် လုပ်ဆောင်နေတဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်နဲ့ ဘရန့်ဖိုဒ်တိုက်စစ်မှူး ဝစ်ဆာတို့ကို အင်္ဂလန်နဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက ဝေဖန် သွားပါတယ်။ 

အီဆက်ခ်ဟာ လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှု လက်ခံရရှိပြီးနောက် နယူးကာဆယ် အသင်းကနေ ထွက်ခွာဖို့ တရားဝင်တောင်းဆိုထားပြီး အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခြင်း မရှိသေးတာပါ။ 

အလားတူ ဘရန့်ဖိုဒ်တိုက်စစ်မှူး ဝစ်ဆာကလည်း နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုရရှိခဲ့ပြီးနောက်  ထွက်ခွာခွင့်တောင်းဆိုခဲ့ပြီး ဆိုရှယ်မီဒီယာမှာ အသင်းနဲ့ ပတ်သက်တာတွေအားလုံးကို ဖယ်ရှားခဲ့တာပါ။ 

အဲဒီ လိုလုပ်ရပ်တွေဟာ အသင်းကို မလေးစားရာ ရောက်သလို ပရော်ဖက်ရှင်နယ် မဆန်မှုကိုလည်း ပြသရာ ရောက်ကြောင်း၊ အသင်းပြောင်းရွှေ့ချင်တဲ့ ဖြစ်ရပ်က ဘယ်ခေတ်မှာမဆို ဖြစ်နေကျဖြစ်ရပ်ဖြစ်ပြီး ကစားသမားတွေဘက်က အသင်းနဲ့ အရင်ပူးပေါင်းပြီးမှသာ အသင်းပြောင်းဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဝိန်းရွန်းနီက ပြောပါတယ်။ 

မိမိသာ အဲဒီကစားသမားတွေရဲ့ အသင်းဖော်တယောက်ဆိုရင် သူ့တို့ အသင်းဆီပြန်လာတာကို လက်ခံမှာမဟုတ်ကြောင်းလည်း ဝိန်းရွန်နီက ဝေဖန်သွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013