DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မူးယစ်ဆေးထုတ်ကုန်ကြမ်းပစ္စည်း အလေးချိန် တန်ပေါင်း ၈၀၀ ကျော်တွေ့ရှိ 
DVB
·
August 21, 2025
မဲဆောက်တွင် မူးယစ်ဆေးထုတ်ကုန်ကြမ်းပစ္စည်း အလေးချိန် တန်ပေါင်း ၈၀၀ ကျော်တွေ့ရှိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဓာတုဆေးရည် ကုန်ကြမ်းပစ္စည် အလေးချိန် တန်ပေါင်း ၈၀၀ ကျော် စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ ခရိုင်စက်မှုဇုန် တာဝန်ရှိသူနဲ့ ဒေသအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၂၀ ရက်က မဲဆောက်-မဲ့ကာဆာရပ်ကွက်ရှိ ဂိုဒေါင်တလုံးကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

အဆိုပါဂိုဒေါင်ရှိမှ toluene ၊ benzene ၊ acetone ၊ sodium hydroxide အစရှိ ဓာတုကုန်ကြမ်းပစ္စည်း အမျိုးအစားပေါင်း ၈ မျိုး သိုလှောင်ထားတာတွေ့ရှိခဲ့တယ်၊ စုစုပေါင်း အလေးချိန် ၈၀၅ တန်ရှိပြီး ကာလတန်ဖိုး ဘတ်သန်းပေါင်း ၆၇ သန်းခန့်ရှိမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီထဲမှာ အဆင့် ၃ အန္တရာယ်ရှိ ဓာတုဆေး အလေးချိန် ၃၃ တန်ပါရှိတယ်။ အဆိုပါ ဓာတုဆေးတွေဟာ စိတ်ကြွဆေးနဲ့ အိုက်စ် ကဲ့သို့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နိုင်တယ်၊ လာရာလမ်း စစ်ဆေးချက်အရ အဲဒီဓာတုဆေးတွေဟာ နိုင်ငံခြားကနေတင်သွင်းပြီး အစက  ပထုန်ဌာနီခရိုင်ရှိ ဂိုဒေါင်မှာ သိုလှောင်ထားတယ်။ ပထုန်ဌာနီကနေ မဲဆောက်ကို သယ်ဆောင်လာတာကတော့ တဖက်အိမ်နီးချင်းနိုင်ငံကို ပို့ဆောင်ရတာ ပိုလွယ်ကူစေဖို့ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။ 

အဆိုပါအမှု နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူက အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းလိုက်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: Khaosod News / NBT2HD News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013