DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို KNA ဆန့်ကျင် သပိတ်မှောက်မည် 
DVB
·
August 21, 2025
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို KNA ဆန့်ကျင် သပိတ်မှောက်မည် 
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲက ဒီမိုကရေစီမရှိဘဲ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး အတွက်သာဖြစ်လို့ ဆန့်ကျင်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲမှာ မဲမပေးဘဲသပိတ်မှောက်မယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA) က တိုက်တွန်းလိုက်ပါတယ်။

စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ်ကျူးလွန်ပြီး ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်တပ်က ပြုလုပ်တဲ့ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ အတွက်သာဖြစ်တယ်လို့  သြဂုတ် ၂၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီစနစ်က တပေါင်းတစည်းတည်းဖြစ်ပြီး ဒီမိုကရေစီမရှိဘဲ ရွေးကောက် ပွဲကျင်းပခွင့်မရှိ၊ ဒီမိုကရေစီစံနှုန်းအရ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူထုအစိုးရကသာလျှင် ရွေးကောက်ပွဲ ကျင်းပခွင့်ရှိတယ်လို့ ဆိုပါတယ်။

KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းရဲခေါင်က "စစ်ကောင်စီလုပ်တဲ့ရွေးကောက်ပွဲကို ရပ်တည်ချက်အရရော ဘယ်လိုပုံစံမျိုးနဲ့မှ အသိအမှတ်မပြု၊ လက်မခံပါဘူး။ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းရော၊ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ နည်းလမ်း၊ ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ မဲမပေးတဲ့နည်းလမ်း မြေပြင်သပိတ်တိုက်ပွဲကို ဆင်နွှဲနေတဲ့ အလွှာပေါင်းစုံက တော်လှန်ရေးမှာ ပါဝင်နေတဲ့အင်အားစုအားလုံးနဲ့ ပေါင်းစပ်ပြီးကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်"လို့ ပြောပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒမပါဘဲ ပြုလုပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို အတွေးအခေါ် အရဖြစ်စေ လုပ်ဟန်အရဖြစ်စေ ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုမှန်သမျှက နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှုစတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

KNA က ခုလက်ရှိမှာ ကယန်းဒေသကိုအခြေပြုပြီး ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ လွိုင်ကော်မှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013