DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုရပ်တန့် ၊ ထိုင်းကုန်စည်များ ဈေးတက်
DVB
·
August 19, 2025
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုရပ်တန့် ၊ ထိုင်းကုန်စည်များ ဈေးတက်
Donate to DVB

မြဝတီနယ်စပ်ဂိတ် ပိတ်တာကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးတွေ ပြတ်တောက်နေပြီး စစ်ကောင်စီရဲ့ ကုန်ပစ္စည်း ကန့်သတ်ချက်တွေကြောင့်လည်း ပြည်တွင်းဈေးကွက်မှာ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ ဈေးနှုန်းတက်တာတွေ  ဖြစ်ပေါ်နေပါတယ်။

ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ကုန်တင်ကားတွေ သွားလာနေတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ ကို အကြောင်းအရင်းမရှိဘဲ စစ်ကောင်စီဘက်က ယာယီပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုတွေ ရပ်တန့်သွားသလို စစ်တပ်ဘက်က သွင်းကုန်ပစ္စည်းတွေ ကန့်သတ်လိုက်တာကြောင့်လည်း ပြည်တွင်းဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ကာ ဈေးတက်တာတွေလည်း ဖြစ်ပေါ်နေတာပါ။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တယောက်က “လောလောဆယ် ကုန်သွယ်မှုနဲ့ပတ်သက်လို့ကတော့ သွင်းကုန်ရော ပို့ကုန်ရော အကုန်လုံး ရပ်နေတာပေါ့နော်၊ ဒီဒေသသုံးတွေကတော့ ဒီတရက် နှစ်ရက်အတွင်းမှာတော့ လောလောဆယ် ပြတ်လပ်မှု မရှိသေးဘူးရှင့်၊ ဒါပေမဲ့ ရက်ရှည် ပိတ်ထားမယ် ဆိုရင်တော့ ဒီဘက်က မြဝတီမြို့တွင်းက ပစ္စည်းတွေ ပြတ်လပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက် အခုအောက်က export နဲ့ ပတ်သက်ပြီးတော့က ပို့ကုန်တွေလည်း ပိတ်ထားတယ်ပေါ့၊ ဒါပေမဲ့ ဒေသသုံးလောက်ကတော့ အောက်က စိစစ်ပြီး သူတို့ ပို့ခွင့်ပြုမယ်လို့တော့ ကြားပေမယ့် လောလောဆယ်တော့ ပိတ်ထားတယ်” လို့ ပြောပါတယ်.

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ အနီး ထိုင်းနိုင်ငံ မဲဆောက်က ဘက်မှာတော့ ကုန်ကားတွေ ပိတ်ဆို့နေတာ ရက်သတ္တပတ်လောက် ကြာမြင့်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက ပြည်ပကသွင်းတဲ့ သွင်းကုန်ပစ္စည်း တော်တော်များများကို ကန့်သတ်တာ၊ တရားမဝင် ကုန်စည်တင်သွင်းတာတွေကို ဖမ်းဆီးတာတွေကြောင့် ပြည်တွင်းဈေးကွက်မှာ နိုင်ငံခြားထုတ် လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်တာနဲ့ ဈေးတက်တာတွေ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတယောက်က “ယိုးဒယားပစ္စည်းတွေ အကုန်ဈေးတက်တယ်။ ဆပ်ပြာမှုန့် သွားဝယ်တာ ဆပ်ပြာမှုန့် ဈေးတက်သွားတယ်။ အရင်က ဆပ်ပြာမှုန့် ၆၅၀၀ တန်က အခု ၇၀၀၀ ကျော်သွားပြီ။ နောက်ပိုင်းကျရင်တော့ ပစ္စည်းက ဝင်ချင်မှ ဝင်တော့မှာ ဆိုပြီး ဆိုင်တွေကတော့ အဲဒီလို ပြောနေတာ၊ နောက်ပြီးတော့ သွားတိုက်ဆေးတွေလည်း ဈေးတွေ တက်တယ်၊ ယိုးဒယားက ကြက်သားမှုန့်တွေ ဆိုလည်း ဈေးတွေ တက်တယ်။ တော်တော်ကြာကြာ ဈေးကွက်မှာ ပြတ်သွားတာဆို ကြာပြီ၊ နောက်ပြီးတော့ ဒီပစ္စည်းတွေ ဆိုလည်း နောက်ဝင်ချင်မှလည်း ဝင်တော့မှာတဲ့ ပြတ်တော့မှာဆိုပြီး လူတွေကို ကသိုက်ကရိုက်နဲ့ ဝယ်နေကြတာ၊ ကိုယ်တွေလည်း အဲဒါ သွားဝယ်တော့ ဈေးတက်သွားတယ်၊ ထပ်ဝယ်ထားမှရမှာ မဟုတ်ရင် ပစ္စည်းပြတ်သွားရင် ဒုက္ခရောက်မှာဆိုတော့” လို့ ပြောပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာတော့ လူသုံးများတဲ့ ထိုင်းနိုင်ငံထုတ် အချိုမှုန့်၊ ကြက်သားမှုန့်၊ ဆီ၊ ခရုဆီ စတာတွေအပြင် ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ သွားတိုက်ဆေး၊ သွားတိုက်တံ စတဲ့ လူသုံးကုန်တွေက ပစ္စည်းပြတ်တာ ဈေးတက်တာတွေ ရှိကြောင်း သိရပါတယ်။

ထိုင်းဒေသတွင်းသတင်းဌာန The Nation Thailand ရဲ့ ဖော်ပြချက်အရ အခုလို ကုန်သွယ်ရေးတံတား ပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ကာ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး သန်း ၁၃၀ ထိခိုက်နိုင်ကြောင်း ဖော်ပြထားပြီး တံတားပိတ်မယ့်ကိစ္စကို ထိုင်းနိုင်ငံ မဲဆောက်က အကောက်ခွန်ဌာနနဲ့ ထိုင်းအာဏာပိုင်တွေကို ကြိုတင်အကြောင်းကြားတာ မရှိဘူးလို့လည်း သိရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013