DVB Logo
Home
နိုင်ငံတကာ
ကက်ရ်ှမီးယားဒေသတွင် ရုတ်တရက် ရေကြီးပြီး လူ ၆ ဦးသေဆုံး
DVB
·
August 17, 2025
ကက်ရ်ှမီးယားဒေသတွင် ရုတ်တရက် ရေကြီးပြီး လူ ၆ ဦးသေဆုံး
Donate to DVB

ပါကစ္စတန်အစိုးရက အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားဒေသက ဝေးလံခေါင်သီတဲ့ စာလီစာချာ ရွာမှာ ရုတ်တရက် သွန်ချသလိုရွာတဲ့မိုးကြောင့် ရေကြီးခဲ့ပြီး တမိသားစုထဲကလူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သြဂုတ် ၁၆ ရက်မှာ အတည်ပြုပြောခဲ့ပါတယ်။

လာရီယာဒေသမှာလည်း ညတွင်းချင်း ရေလွှမ်းမိုးမှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ပြီး တိရစ္ဆာန် ကောင်ရေ ၅၀ လောက် မျောပါသွားခဲ့ပါတယ်။

တောင်အာရှတဝန်းမှာ မုတ်သုံလေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခတ်နေပြီး ပါကစ္စတန်နိုင်ငံ အနောက် မြောက်ပိုင်းတခုတည်းမှာ ၂ ရက်ကြာ မိုးသည်းပြီးတဲ့နောက် ရုတ်တရက် ရေကြီးမြေပြိုတာနဲ့ မိုးကြိုးပစ်တာတွေကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

အပြင်းထန်ဆုံး အထိခိုက်ဆုံးဒေသကတော့ ခိုင်ဘာပက္ကတွန်ခဝါမြို့ရဲ့ မြောက်ဘက် တောင်တန်းဒေသဖြစ်ပြီး သွန်ချသလို ရွာတဲ့မိုးနဲ့ ရေကြီးတာတွေကြောင့် အခုနှစ်မုတ်သုံရာသီမှာ အသေအပျောက်အများဆုံး မိုးရွာသွန်းမှု ဖြစ်ခဲ့ပါတယ်။ 

စနေနေ့အထိ သေဆုံးသူ ၃၀၇ ယောက်ထက်မနည်းကို ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အာဏာပိုင်တွေက အတည်ပြုခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါနိုင်ငံတို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မိုးသည်းလို့ ရေကြီးတာနဲ့ တခြားမိုးနဲ့ ဆက်စပ်တဲ့ဖြစ်ရပ်တွေကြောင့် အပြင်းအထန် ထိခိုက်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013