DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့် ကိုးကန့် ဆွေးနွေးပွဲ အဆင်မပြေသဖြင့် ကွတ်ခိုင်တွင် စာသင်ကျောင်းများ ပိတ်ထားရ
DVB
·
August 17, 2025
စစ်တပ်နှင့် ကိုးကန့် ဆွေးနွေးပွဲ အဆင်မပြေသဖြင့် ကွတ်ခိုင်တွင် စာသင်ကျောင်းများ ပိတ်ထားရ
Donate to DVB

အာဏာသိမ်းစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်တို့ တွေ့ဆုံညှိနှိုင်းတာ အဆင်မပြေသေးတာကြောင့် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က  ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်ပြီး စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်တို့ သြဂုတ် ၁၄ ရက်က လားရှိုးမြို့မှာ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ မအောင်မမြင်ဖြစ်ခဲ့ရတာပါ။

ကွတ်ခိုင်မြို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့က နယ်မြေခွဲခြားသိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကိုတော့ အာဏာသိမ်းစစ်တပ်က ပြန်ထိန်းချုပ်ထားပေမဲ့ လားရှိုးမြို့ပြင်အနီး ကျေးရွာတွေကိုတော့ MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားတာပါ။

လတ်တလော တွေ့ဆုံပွဲမှာ ညှိနှိုင်းတာတွေ အဆင်မပြေတာကြောင့် ကိုးကန့်တပ်တွေဟာ စစ်ရေးပြင်ဆင်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတယ်လို့ လားရှိုး ဒေသခံက ပြောပါတယ်။

MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းသိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လားရှိုးမြို့ကို  တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ၂၀၂၅ ဧပြီလထဲမှာ MNDAA ကိုးကန့်တပ်က အာဏာသိမ်းစစ်တပ်ကို ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။

ဆက်လက်ပြီးလည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြို့တွေကို အာဏာသိမ်းစစ်တပ်က ပြည်လည်ရရှိဖို့ တရုတ်နိုင်ငံ အကူအညီအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013