DVB Logo
Home
မြန်မာသတင်း
ငလျင့်ဒဏ်သင့် မန္တလေး Sky Villa မှ အလောင်း ၆ လောင်းထပ်တွေ့
DVB
·
August 15, 2025
ငလျင့်ဒဏ်သင့် မန္တလေး Sky Villa မှ အလောင်း ၆ လောင်းထပ်တွေ့
Donate to DVB

အင်အားပြင်း ငလျင်ကြောင့်ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦကနေ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အလောင်း ၆ လောင်း ထပ်တွေ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦ A အဆောင်ကို Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းရှင်းလင်းနေတာမှာ ဩဂုတ် ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်က ရုပ်အလောင်းတွေ့တဲ့သတင်းရလို့ မီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ညနေ ၅ နာရီကျော်မှာ A အဆောင်၊ ၃ လွှာ၊ အခန်းအမှတ် E3 ကနေ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၃ ရက် မနက် ၁၁ နာရီလောက်ကလည်း A အဆောင်၊ ၃ လွှာ၊ အခန်းအမှတ် E3 ကနေ အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး ညနေ ၅ နာရီကျော်မှာလည်း အဲဒီအခန်းကနေ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းကိုထုတ်ယူနိုင်လို့ မြတ်သဒ္ဒါ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။

Sky Villa ဟာ ငလျင်ကြောင့် မန္တလေးမှာ အသေအပျောက်အများဆုံးဖြစ်သလို ကျန်ရှိတဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနေဆဲဖြစ်ပြီး ဒီနေ့အထိ ရုပ်အလောင်း ၁၅၀ ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် တိုင်းနဲ့ပြည်နဲ့ ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်းပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013