DVB Logo
Home
မြန်မာသတင်း
လမ်းဘေးခွေးရှင်းလင်းချိန် နှောင့်ယှက်သူကို အရေးယူမည်ဟု ပဲခူးစည်ပင် သတိပေး
DVB
·
August 14, 2025
လမ်းဘေးခွေးရှင်းလင်းချိန် နှောင့်ယှက်သူကို အရေးယူမည်ဟု ပဲခူးစည်ပင် သတိပေး
Donate to DVB

လမ်းဘေးခွေး ရှင်းလင်းနေချိန်မှာ နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတာ၊ ဝှက်သိမ်းပေးထားတာတွေ လုပ်ရင် တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အသိပေးထားပါတယ်။

ခွေးချစ်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေ အနေနဲ့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ခြံလှောင်စနစ်နဲ့ စနစ်တကျမွေးမြူတာ၊ သားဆက်ခြားဆေး ထိုးနှံတာ၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံတာ လုပ်ထားဖို့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူဆိုင်ရာ လမ်းတွေမှာ စည်းကမ်းမဲ့ လွှတ်ကြောင်းတာ၊ ခွေးလေခွေးလွင့်တွေကို အစာကျွေးတာ၊ စည်ပင်က ခွေးလေခွေးလွင့်တွေကို ရှင်းလင်းချိန်မှာ နှောင့်ယှက်တာတွေ လုပ်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဆိုပြီး သတိပေးထားတာလည်း ဖြစ်ပါတယ်။

ပဲခူးမြို့မှာ လမ်းဘေးခွေးတွေကို အဆိပ်ခတ် ရှင်းလင်းတာတွေကို ဆက်တိုက်လုပ်နေသလို သတိပေးချက်ပါတဲ့ လက်ကမ်းစာရွက်တွေကို ဖြန့်ဝေထားတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်မှာ နေထိုင်သူတယောက်က “လမ်းဘေးခွေးတွေကို အဆိပ်လိုက်ချနေလို့ အိမ်မွေးတိရစ္ဆာန်တွေ ရောမပါရအောင် အိမ်ထဲထည့်ထားရတယ်။ တချို့က အမြဲမြင်တွေ့နေရတဲ့ ပိုင်ရှင်မဲ့ခွေးတွေ သေမှာစိုးလို့ ခေါ်ထိန်းပေးထားတာ ရှိတယ်။အဲ ဒီလိုလုပ်ရင် အရေးယူမယ်ဆိုလို့ အခက်တွေ့နေသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

လမ်းဘေးခွေးတွေကို အဆိပ်ခတ် ရှင်းလင်းတာကို ပဲခူးမြို့အပြင် ရန်ကုန်တိုင်းက မြို့နယ်တချို့နဲ့ တခြားမြို့တွေမှာ လုပ်ဆောင်နေတာရှိတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်က လမ်းဘေးခွေးတွေကို သားဆက်ခြားဆေးထိုးတာ၊ သင်းကွပ်တာ၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့ပြီး အခုလို အဆိပ်ခတ်တဲ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013