DVB Logo
Home
နိုင်ငံတကာ
မယ်လာနီယာထရမ့်ပ်က ဟန်တာဘိုင်ဒင်ထံမှ ဒေါ်လာ ၁ ဘီလီယံ ရလိုကြောင်း တရားစွဲမည်
DVB
·
August 14, 2025
မယ်လာနီယာထရမ့်ပ်က ဟန်တာဘိုင်ဒင်ထံမှ ဒေါ်လာ ၁ ဘီလီယံ ရလိုကြောင်း တရားစွဲမည်
Donate to DVB

သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင်အနေနဲ့ လက်ရှိသမ္မတကတော် မယ်လာနီယာထရမ့်ပ် အပေါ် ပြောဆိုခဲ့တာတွေအတွက် မတောင်းပန်ဘူးဆိုရင် နစ်နာကြေး ဒေါ်လာ ၁ ဘီလီယံ ရလိုကြောင်း တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

သက်ငယ်လိင်အရှုပ်တော်ပုံကြီးကို စီမံ၊ ကျူးလွန်ခဲ့တဲ့ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ သူ့ခင်ပွန်း ဒေါ်နယ်ထရမ့်ပ်ကို မယ်လာနီယာက ချိတ်ဆက်ပေးခဲ့တာလို့ ဟန်တာက ပြောဆိုခဲ့တာပါ။

မယ်လာနီယာဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတကတော်ရဲ့ ရှေ့နေတွေကတော့ ဟန်တာဘိုင်ဒင်ရဲ့ ပြောဆိုချက်ဟာ “မှားယွင်းသလို ချိုးနှိမ်ပြောဆိုမှုဖြစ်ပြီး အသရေဖျက်၊ အပုပ်ချတာသာဖြစ်တယ်” လို့ မှတ်ချက်ချပါတယ်။

ဟန်တာဘိုင်ဒင်ဟာ အခုလအစောပိုင်းက အင်တာဗျူးတခုမှာ ဒီအကြောင်းကို ထည့်ပြောခဲ့တာဖြစ်ပြီး ထရမ့်ပ်နဲ့ အက်ပ်စတိန်းတို့ ရင်းနှီးတဲ့ကိစ္စတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ထရမ့်ပ်ဟာ အက်ပ်စတိန်းရဲ့ မိတ်ဆွေတယောက် ဖြစ်ခဲ့ပေမဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းကာလမှာ ခွာပြဲသွားကြတာဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ မာရာလာဂိုး အပန်းဖြေစခန်း၊ Spa မှာလုပ်တဲ့ မိန်းကလေးငယ်တွေကို မာဆပ်ချ် နှိပ်နယ်ဖို့ဆိုပြီး အက်ပ်စတိန်းက ခေါ်ထုတ်သွားခဲ့တဲ့ကိစ္စကြောင့် ပြတ်စဲသွားခဲ့တယ်ဆိုတာ ထရမ့်ပ်ကိုယ်တိုင် အတည်ပြုထားပါတယ်။

ဟန်တာဘိုင်ဒင်ရဲ့ ရှေ့နေဆီကို လိပ်မူပြီး သမ္မတကတော်ရဲ့ ရှေ့နေတွေက ပေးပို့တဲ့စာမှာ ဟန်တာအနေနဲ့ ဒီပြောဆိုချက်တွေကို ရုပ်သိမ်းပြီး မတောင်းပန်ဘူးဆိုရင် “နစ်နာကြေး ဒေါ်လာ ၁ ဘီလီယံကျော်” ပေးအပ်ဖို့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

ဟန်တာဘိုင်ဒင်ရဲ့ ထပ်တလဲလဲ ပြောဆိုချက်တွေကြောင့် မယ်လာနီယာဟာ “ဘဏ္ဍာရေးနဲ့ ဂုဏ်သတင်းအရ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရတယ်” လို့လည်း စာမှာ ဖော်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013