DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို သိမ်းပိုက်မည့် အစီအစဉ် ဆက်လုပ်မည်ဟု နေတန်ယာဟု ပြော
DVB
·
August 13, 2025
ဂါဇာကို သိမ်းပိုက်မည့် အစီအစဉ် ဆက်လုပ်မည်ဟု နေတန်ယာဟု ပြော
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချနေပေမဲ့ ဂါဇာမြို့ကို သိမ်းပိုက်ဖို့ မကြာသေးမီက အတည်ပြုထားတဲ့ အစီအစဉ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ကနေ ၇၅ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ် ထားပြီလို့ နေတန်ယာဟုက ပြည်ပမီဒီယာတွေအတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေး လုံခြုံရေးအစိုးရအဖွဲ့က ကျန်နေတဲ့ ဟားမတ်စ် စခန်းနှစ်ခုကို ဖျက်သိမ်းဖို့ စစ်တပ်ကို အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

ဂါဇာစီးတီးနဲ့ ဗဟိုစခန်းတွေရှိရာ နယ်မြေဟာ ဟားမတ်စ်တွေရဲ့ လက်ကျန် ခြေကုပ်စခန်းတွေ ဖြစ်လို့ စစ်ပွဲကို အရှိန်အဟုန်နဲ့ အဆုံးသတ်ဖို့က အကောင်းဆုံးနည်းလမ်းပဲလို့လည်း သူက ပြောပါတယ်။

စစ်ဆင်ရေးအတွက် အချိန်ဇယားကို မပေးဘဲ ပဋိပက္ခကို အချိန်တိုအတွင်း အပြီးတိုင် အဆုံးသတ်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။ 

နေတန်ယာဟုက အစ္စရေးရဲ့ ရည်မှန်းချက်ဟာ ဂါဇာကို သိမ်းပိုက်ဖို့ထက် ဂါဇာကို လွတ်မြောက်အောင် လုပ်ဖို့လို့ ပြောခဲ့ပါတယ်။ 

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှု မူဝါဒကို လိုက်လျှောက်လှမ်းနေတယ်လို့လည်း သူက ပြောပါတယ်။

နေတန်ယာဟုရဲ့ ပြောကြားချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ တနင်္ဂနွေနေ့ နှောင်းပိုင်း ဟားမတ်စ်က သတင်းစာရှင်းလင်းပွဲမှာ  ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013