DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး ကျပ် ၇၈ သိန်းအောက် ပြန်ကျဆင်း
DVB
·
August 12, 2025
ပြည်တွင်းရွှေဈေး ကျပ် ၇၈ သိန်းအောက် ပြန်ကျဆင်း
Donate to DVB

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန် ဒေါ်လာ ၃,၃၄၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပြီး ပြည်တွင်း ရွှေဈေးလည်း လိုက်ပါ ကျဆင်းလာပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၁၀ ရက်မှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၃,၄၀၀ ဝန်းကျင် ဒေါ်လာပေါက်ဈေး ရှိခဲ့ပေမဲ့ ဩဂုတ် ၁၁ ရက် ညပိုင်းမှာ အမေရိကန်ဒေါ်လာ ၃,၃၄၃ ဒေါ်လာထိ ပြန်ကျဆင်းခဲ့တာတွေ့ရပါတယ်။

တရက်တာအတွင်း အမေရိကန် ဒေါ်လာ ၆၀ ဝန်းကျင် လျော့ကျခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးကလည်း ဩဂုတ် ၁၀ ရက် က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇,၈၀၀,၀ဝ၀ ပေါက် ဈေးရှိခဲ့ရာက ဩဂုတ် ၁၁ ရက် ဈေးကွက် ပိတ်ချိန်မှာ ၇,၇၄၀,၀၀၀ အထိ လျော့ကျသွားခဲ့တာပါ။

ပြည်တွင်း ဈေးကလည်း တရက်အတွင်း တကျပ်သားကို ကျပ် ၆၀,၀၀၀ ပြန်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေက ကမ္ဘာ့ရွှေဈေးကို အပြောင်းအလဲ များစွာ ဖြစ်စေခဲ့ပြီး ပြည်တွင်း ဈေးကွက်ကိုလည်း အတက်အကျ လိုက်ပါ ဖြစ်ပေါ်စေခဲ့တာပါ။

တဖက်မှာလည်း အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက အရင် ၄,၄၇၀ကျပ် ဝန်းကျင်ကနေ လက်ရှိမှာ ၄,၄၁၀ ကျပ် အထိ ပြန်လည်ကျဆင်းနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်တဲ့ ရွှေတကျပ်သားဈေးကတော့ ၅,၉၀၀,၀၀၀ ကျပ်ဖြစ်ပြီး ပြင်‌‌ပဈေးကွက်ပေါက်ဈေးနဲ့ ၁၈ သိန်းကျော် ကွာဟချက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013