DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ပါလက်စတိုင်း ထောက်ခံဆန္ဒပြသူ ၁၅၀ ခန့် ဖမ်းဆီးခံရ
DVB
·
August 11, 2025
ဗြိတိန်တွင် ပါလက်စတိုင်း ထောက်ခံဆန္ဒပြသူ ၁၅၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ပါလက်စတိုင်း လှုပ်ရှားမှုအဖွဲ့ကို တားမြစ်ပိတ်ပင်ဖို့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ လူပေါင်း ၁၅၀ လောက်ကို ဖမ်းခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ဩဂုတ် ၉ ရက်မှာ ပြောပါတယ်။

လွှတ်တော်ရင်ပြင်မှာ လူစုလူဝေးနဲ့ စုရုံးပြီး အဲဒီအုပ်စုကို ထောက်ခံတဲ့ စာရွက်စာတန်းတွေ ဝှေ့ယမ်းခဲ့အပြီး ရဲအရာရှိတွေက ဖမ်းဆီးလိုက်တာလို့ တပ်ဖွဲ့က X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

ဆန္ဒပြသူတွေက အဖြူ အမည်း ပါလက်စတိုင်းပဝါတွေကို ဝတ်ပြီး “ရှက်လို့ လဲသေဖို့ ကောင်းတယ်” လို့ အော်ရင်း “ဂါဇာကို လက်ရှောင်ပါ” လို့ ကြွေးကြော်ခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပါတယ်။ ပါလက်စတိုင်းလုပ်ရပ်ကို ထောက်ခံပါတယ်” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

အစ္စရေးကို ဗြိတိန်က ထောက်ခံမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ဝင်တွေက ဗြိတိန် တော်ဝင်လေတပ်အခြေစိုက်စခန်းကို ထိုးဖောက်ဝင်ရောက်ပြီး လေယာဉ်တွေကို ဖျက်ဆီးခဲ့ပြီးတဲ့နောက် အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေနဲ့ ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ကို ဇူလိုင်လမှာ ဗြိတိန်အမတ်တွေက ပိတ်ပင်ခဲ့ပါတယ်။

ဒီတားမြစ်ချက်က အဖွဲ့၀င်တယောက် ဖြစ်တာနဲ့ ရာဇ၀တ်မှုဖြစ်စေပြီး အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။

ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ကို ပူးတွဲတည်ထောင်သူ ဟူဒါ အမ်မိုရီက ပြီးခဲ့တဲ့သီတင်းပတ်က ပိတ်ပင်မှုကို ဆန့်ကျင်တဲ့ ဥပဒေကြောင်းအရ စိန်ခေါ်ချက်တရပ်မှာ အနိုင်ရရှိခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013