
မနေ့ညက ထိုးသတ်ခဲ့တဲ့ One Championship လက်ဝှေ့ပွဲမှာ မြန်မာလက်ဝှေ့သမား စိန်လုံးချောက ထိုင်းကစားသမား စာနစ် ကို ရှုံးနိမ့်သွားပါတယ်။
ပထမအချီကတည်းက ထိုင်းလက်ဝှေ့သမား စာနစ်က ခြေကန်ချက်တွေကို အားပြုပြီး စိန်လုံးချောကို ဖိအားပေးထားခဲ့တာပါ။
စိန်လုံးချောကတော့ လက်သီးကို အဓိကထားပြီး ပူးသတ်ထိုးခဲ့ပါတယ်။
ဒုတိယအချီမှာလည်း စာနစ်က ခြေကန်ချက်သုံးပြီး အပေါ်စီးက ထိုးသတ်သွားတာပါ။
ဒုတိယအချီ တမိနစ်ခွဲလောက်မှာတော့ တိုက်စစ်ဖွင့်ပြီးဝင်ထိုးတဲ့ စိန်လုံးချောရဲ့မေးရိုးကို စာနစ်ရဲ့ လက်သီးချက်တချက်နဲ့ ခြေကန်ချက်တချက် ဆက်တိုက်ထိခဲ့ပြီး အလဲထိုးနဲ့ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။











