DVB Logo
Home
အားကစား
မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားအမျိုးသမီးအသင်းကို ၃ဂိုးပြတ် ရှုံးနိမ့်
DVB
·
September 23, 2023
မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားအမျိုးသမီးအသင်းကို ၃ဂိုးပြတ် ရှုံးနိမ့်
Donate to DVB

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဥ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၂ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၃ အမျိုးသမီးအသင်းက တောင်ကိုရီးယား ယူ-၂၃ အမျိုးသမီးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

တောင်ကိုရီးယားအမျိုးသမီးအသင်းဟာ အာရှအင်အားကြီးအသင်းပီပီ မြန်မာအသင်းကို ဂိုးပေါက် တကြိမ်မှ ခွင့်မပြုပေးရတဲ့အထိ တဖတ်သက် ဖိကစားခဲ့ပြီး ဂိုးသွင်းမသေချာတာကြောင့်သာ ၃ဂိုး သာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုအတွင်း တခြားပွဲစဥ်ဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ့ ဟောင်ကောင်အသင်းတို့ ပွဲစဥ်မှာ ဖိလစ်ပိုင် အသင်းက ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အုပ်စု ၅ ခုမှ ပထမရ ၅ သင်းနဲ့ အကောင်းဆုဒုတိယ ၃သင်းတို့သာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဥ်အဖြစ် ဟောင်ကောင်အမျိုးသမီးအသင်းနဲ့ စက်တင်ဘာ ၂၅ မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီခွဲမှာ ကစားသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013