DVB Logo
Home
မြန်မာသတင်း
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဒုတိယဆုရ 
DVB
·
August 20, 2025
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်း ဒုတိယဆုရ 
Donate to DVB

ဗီယက်နမ်နိုင်ငံမှာ ဩဂုတ် ၁၉ ရက် မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ ယူ-၂၃ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

မနေ့ညက ဗိုလ်လုပွဲစဉ်မှာ မြန်မာအသင်းက ခံစစ်အသားပေးကစားသွားခဲ့ပြီး ဂိုးသွင်းဖို့ အခွင့်အရေး တချို့ ရရှိခဲ့ပေမဲ့ ဂိုးဝင်အောင်မသွင်းနိုင်ခဲ့သလို သြစတြေးလျအသင်းကလည်း ဂိုးပေါက် ကန်သွင်းခွင့်တွေ ရခဲ့ပေမဲ့ မြန်မာဂိုးသမားလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုး မရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့    သြစတြေးလျလူငယ်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဟိုလီဖာဖှီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတလျှောက်   သွင်းဂိုးအများဆုံး ကစားသမားဆုကို တော့  ၇ ဂိုးသွင်းယူခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် တိုက်စစ်မှူး  ဝင်းသိင်္ဂီထွန်းက ရရှိသွားသလို အကောင်းဆုံးဂိုးသမားဆုကိုလည်း မြန်မာ ဂိုးသမား မျိုးမြမြငြိမ်းက ရရှိသွားခဲ့ပါတယ်။

အုပ်စုပွဲစဉ်မှာတုန်းက သြစတြေးလျ ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်းက ဗိုလ်လုပွဲမှာတော့ ရှုံးပွဲတွေ့ခဲ့ပြီး ဆယ်စုနှစ်နဲ့ချီ ဝေးကွာနေတဲ့ ဆုဖလား ရရှိရေးအိပ်မက်လည်း ပျက်ပြယ်သွားခဲ့ရတာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာ ဖြစ်သလို သြစတြေးလျ ယူ-၂၃  အသင်းကလည်း အိမ်ရှင် ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာပါ။

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းမှာတော့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဗိုလ်လုပွဲကို ၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က စတင်ခဲ့တဲ့ အာဆီယံအမျိုးသမီးပြိုင်ပွဲသမိုင်းမှာ မြန်မာအမျိုးသမီးအသင်းက ၂ ကြိမ်ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ဗိုလ်လုပွဲကို ၆ ကြိမ်မြောက် တက်ရောက်လာခဲ့တာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂၀၀၄ ပြိုင်ပွဲမှာပဲ ပထမဆုံးချန်ပီယံဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဒုတိအကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ။ 

အဲဒီ နောက် ၂၀၁၁၊ ၂၀၁၂ နဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ခဲ့ပေမဲ့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပါ။ အခုနှစ် ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာက ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို အနိုင်ရရှိစဉ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လိူင်က ဆုကြေးငွေ ကန်ဒေါ်လာ ၃၀,၀၀၀ ချီးမြှင့်ထားပြီး ဗိုလ်လုပွဲမှာ အနိုင်ကစားဖို့နဲ့ ချန်ပီယံဖြစ်ရင် ထပ်ပြီးဆုချီးမြှင့်ဦးမယ်လို့ ပြောထားတာပါ။

ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာအမျိုးသမီးအသင်းဟာ  စစ်ခေါင်းဆောင်ချီးမြှင့်ထားတဲ့ ဆုကြေးအပါအဝင် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ လည် ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013