DVB Logo
Home
အားကစား
ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG Mobile အသင်း ဂုဏ်ပြုပွဲကျင်းပ 
DVB
·
August 8, 2025
ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG Mobile အသင်း ဂုဏ်ပြုပွဲကျင်းပ 
Donate to DVB

ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG Mobile အသင်း ဂုဏ်ပြုပွဲကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ဩဂုတ် ၇ ရက်က  ကျင်းပခဲ့တာမှာ  ပက်ဂျီဂိမ်းကစားသူတွေ၊ Streamer တွေ အများအပြားတက်ရောက်ခဲ့ပြီး လာရောက်အားပေးဂုဏ်ပြုသူ လူငယ်တွေ အများအပြား ရှိခဲ့ပါတယ်။ 

ဂုဏ်ပြုပွဲကိုတက်ရောက်လာတဲ့ PUBG Game Streamer တယောက်ဖြစ်တဲ့ ပါဝါက  ချန်ပီယံအသင်းအနေနဲ့ ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်အနိုင်ရသွားတာလို့ ပြောပါတယ်။

“အဓိကကတော့ Yangon Galacticos က  ကလေးတွေ World Champion ရသွားတာ ပေါ့သေးသေးနဲ့ရသွားတာ မဟုတ်ပါဘူး။ အရင်ဆုံး Group State ပြိုင်ရတယ်။ ၈ သင်းပဲ တက်သွားတယ်။ အဲ့ ၈ သင်းမှာ ကလေးတွေက မပါသွားဘူး။ Survival State ဆိုပြီး ထပ်ဆော့ခဲ့ရတယ်။ အဲ့ဒါ ၁၆ သင်းဆော့ရတယ်။ အဲ့ ၁၆ သင်းမှာမှ အဲ့ ၈ သင်းကပဲ ဆုကို ယူဖို့အတွက်ယှဉ်ပြိုင်ရမှာ။ အဲ့ဒီဟာကို ကလေးတွေက နံပါတ် ၈ ဆိုတဲ့အနေထားနဲ့ Grand Final ကိုတက်သွားတာပါ။ တက်ပြီးသွားတော့မှ  အကြမ်းဆုံးပစ်ချက်တွေ၊ အကြမ်းဆုံး Performance တွေနဲ့ World Cup ကိုရရှိသွားတာပါ။ တခြားနိုင်ငံက အကြမ်းဆုံးအသင်းတွေကို ဖြတ်ချပြီးတော့ World Cup ကို ရယူထားတာဖြစ်ပါတယ်။”

Yangon Galacticos အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မနှစ်က အသင်းရပ်တည်ရေး အခက်အခဲတွေကြောင့် ၂၀၂၄ ခုနှစ်မှာ အသင်းကိုဖျက်သိမ်းဖို့ ကြိုးစားခဲ့တယ်လို့ အသင်းပိုင်ရှင်က ပြောပါတယ်။

လတ်တလော YG အသင်းဟာ မြန်မာ ESports သမိုင်းမှာ ပထမဆုံးအကြိမ် World Champion ဆုကြီးကို  ရယူနိုင်ခဲ့ပြီး PMWC 2025 အတွက်ဆုကြေးငွေက အမေရိကန်ဒေါ်လာ ၅၄၇,၀၀၀ ရရှိကာ PUBG Mobile ပြိုင်ပွဲတွေကနေ စုစုပေါင်းရရှိတဲ့ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၆ သိန်းကျော် ဖြစ်ပါတယ်။ ဒီလိုရရှိတာတွေက ထင်မှတ်မထားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ အဲရစ် အမည်ရှိ PUBG ကစားသမား ကိုဇော်မိုးက ပြောပါတယ်။

“လုံးဝကိုမထင်ထားဘူးပေါ့နော်။ ဒီလိုမျိုး မြန်မာနိုင်ငံအသင်းလိုမျိုး အောက်ခြေကစပြီးတော့ လုပ်ယူနိုင်မယ် မထင်ဘူး။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Prize Pool အနေနဲ့ကတော့ ဒေါ်လာ ၃ သန်း၊ ဒါပေမဲ့ တဦးချင်း အစီအစဥ်ထဲမှာ ဒေါ်လာ ၅၄၀,၀၀၀ ပေါ့နော်။ အဲ့လိုမျိုးဆိုတော့တကယ် လူငယ်တွေအတွက် အများကြီး ကြိုးစားဖို့ပြောချင်ပါတယ်။”

PUBG Mobile World Cup 2025 ရဲ့ Grand Final အဆင့်ကို ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကစားသမားတွေကတော့ အသင်းခေါင်းဆောင်အဖြစ် Smile က ဦးဆောင်ခဲ့ပြီး အဖွဲ့သားတွေက MAR NETT ၊ SAY CLOUD ၊  ROMEO တို့ဖြစ်ပါတယ်။

Grand Finals နောက်ဆုံးဗိုလ်လုပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

PUBG ဆိုတာကတော့ လူ ၄ ယောက် အတူပေါင်းပြီး စစ်တိုက်တဲ့အွန်လိုင်းဂိမ်းတမျိုးဖြစ်ကာ Google Play Store မှာတော့ ဒေါင်းလုပ်ဆွဲသူ သန်း ၅၀၀ (500M+) ရှိကြောင်းဖော်ပြထားပါတယ်။

 ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013