DVB Logo
Home
အားကစား
PUBG Esports ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းသားများ မြန်မာနိုင်ငံ ပြန်ရောက်
DVB
·
August 7, 2025
PUBG Esports ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းသားများ မြန်မာနိုင်ငံ ပြန်ရောက်
1 / 10
Donate to DVB

PUBG ကမ္ဘာ့ချန်ပီယံရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Yangon Galaticos (YG) အသင်းက အမှတ်အများဆုံးနဲ့ ပထမဆု ချန်ပီယံဆု ရရှိခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ PUBG ကမ္ဘာ့ချန်ပီယံရှစ် PUBG Mobile World Cup (PMWC 2025) ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိခဲ့တဲ့ Yangon Galacticos PUBGM အသင်းဟာ ဒီကနေ့ ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းမှာ မြန်မာနိုင်ငံကို လေကြောင်းကနေ ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။

ကစားသမားတွေကတော့ အသင်း ခေါင်းဆောင်အဖြစ် Smile က ဦးဆောင်ခဲ့ပြီး အသင်းသားများအဖြစ်  MAR NETT, SAY CLOUD နဲ့ ROMEO တို့ပါဝင်ခဲ့ကာ Grand Finals ပြိုင်ပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို တကမ္ဘာလုံးက ထိပ်တန်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Grand Final အဆင့်ကိုတော့ ဩဂုတ် ၁ ရက်ကနေ ၃ ရက်အတွင်း ကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲနောက်ဆုံးရက် ဩဂုတ် ၃ ရက်နေ့မှာတော့ Yangon Galacticos အသင်းက ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
PUBG Esports ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းသားများ မြန်မာနိုင်ငံ ပြန်ရောက်