DVB Logo
Home
အားကစား
LAFC နှင့် စိန်ခေါ်မှုအသစ်များအတွက် စိတ်လှုပ်ရှားမိဟု ဆွန်ဟောင်မင် ပြော
DVB
·
August 7, 2025
LAFC နှင့် စိန်ခေါ်မှုအသစ်များအတွက် စိတ်လှုပ်ရှားမိဟု ဆွန်ဟောင်မင် ပြော
Donate to DVB

အမေရိကန် မေဂျာလိဂ်ကလပ် LAFC နဲ့ စိန်ခေါ်မှုအသစ်တွေအတွက် စိတ်လှုပ်ရှားမိကြောင်း တိုက်စစ်မှူးသစ် ဆွန်ဟောင်မင်က ပြောပါတယ်။

တောင်ကိုရီးယားတိုက်စစ်မှူးဟာ စပါးအသင်းမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေဂျာလိဂ်မှာ ကစားဖို့ ဦးစားပေးရွေးချယ်မှု မဟုတ်ခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌနဲ့ စကားပြောဆိုအပြီးမှာတော့ အပြောင်းအလဲဖြစ်ခဲ့ပြီး အသင်းသစ်နဲ့ စိန်ခေါ်မှုအသစ်တွေအပေါ် ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။

လော့စ်အိန်ဂျယ်လိစ်အသင်းဟာ မေဂျာလိဂ် အနောက်ပိုင်းဇုန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ရှိသမျှ ဆုဖလားတွေအားလုံး ရယူသွားချင်ကြောင်းလည်း ဆွန်ဟောင်မင်က ပြောပါတယ်။

အသက် ၃၃ နှစ်ရှိ တောင်ကိုရီးယားသားဟာ အသင်းသစ်မှာ စပါးအသင်းဖော်ဟောင်း ဂိုးသမား ဟူဂိုလိုရစ်နဲ့ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013