DVB Logo
Home
အားကစား
ဆွန်ဟောင်မင်ကို LAFC က စံချိန်တင်ပြောင်းရွှေ့ကြေးပေးခေါ်ယူရန် နီးစပ်
DVB
·
August 6, 2025
ဆွန်ဟောင်မင်ကို LAFC က စံချိန်တင်ပြောင်းရွှေ့ကြေးပေးခေါ်ယူရန် နီးစပ်
Donate to DVB

စပါးအသင်းကနေ ထွက်ခွာတော့မယ့် ဆွန်ဟောင်မင်ကို LAFC အသင်းက မေဂျာလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

The Athletic နဲ့ ESPN သတင်းတွေမှာ ဖော်ပြချက်အရ မေဂျာလိဂ်ကလပ် LAFC ဟာ ဆွန်ဟောင်မင်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး နောက်ဆုံးအဆင့် ရောက်ရှိနေပြီလို့ သိရပါတယ်။

ဆွန်ဟောင်မင်ဟာ မေဂျာလိဂ်သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ဖို့ရှိနေပြီး ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ရှိပါတယ်။

လော့စ်အိန်ဂျယ်လိစ်အသင်းဟာ မေဂျာလိဂ်အနောက်ပိုင်းဇုန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဆွန်ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ စပါးဂိုးသမားဟောင်း ဟူဂိုလိုရစ်လည်း ပါဝင်ကစားနေပါတယ်။

အသက် ၃၃ နှစ်ရှိ တောင်ကိုရီးယား တိုက်စစ်မှူးဟာ စပါးအသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီး သွင်းဂိုး ၁၇၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013