DVB Logo
Home
အားကစား
တိုက်စစ်မှူး နူးညက်ဇ် အယ်လ်ဟီလယ်တွင် လီဗာပူးကလုပ်ခထက် ၃ ဆနီးပါး ပိုရမည်
DVB
·
August 7, 2025
တိုက်စစ်မှူး နူးညက်ဇ် အယ်လ်ဟီလယ်တွင် လီဗာပူးကလုပ်ခထက် ၃ ဆနီးပါး ပိုရမည်
Donate to DVB

တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းမှာ လီဗာပူးမှာရတဲ့ လုပ်ခထက် ၃ ဆနီးပါး ပိုမိုရရှိသွားမယ်လို့ သိရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးကို အယ်လ်ဟီလယ်က ပေါင် ၄၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ရက်ပိုင်းအတွင်းမှာ အပြီးသတ်စာချုပ်ဖို့ ရှိနေတာပါ။

နူးညက်ဇ်ဟာ လီဗာပူးမှာ တပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ သာ ရရှိနေပြီး အသင်းသစ် အယ်လ်ဟီလယ်မှာ တပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ အထိ ရရှိမှာဖြစ်လို့ ၃ ဆနီးပါး လုပ်ခတိုးမြှင့်ရရှိလာမှာပါ။

လီဗာပူးဟာ နူးညက်ဇ်ကို ပေါင် ၈၅ သန်းနဲ့ ဘင်ဖီကာကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၃ နှစ်အကြာမှာ ဝယ်တဲ့ဈေးရဲ့ ထက်ဝက်ခန့်နဲ့သာ ပြန်လည်ရောင်းထုတ်နိုင်ခဲ့တာပါ။

နူးညက်ဇ်ကိုခေါ်ယူဖို့ နာပိုလီနဲ့ အေစီမီလန်တို့ကလည်း ကမ်းလှမ်းခဲ့ပေမဲ့ လီဗာပူးက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး မပေးနိုင်တာကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး အယ်လ်ဟီလယ်က လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013