DVB Logo
Home
မြန်မာသတင်း
မင်းမော်ကွန်းပါဝင်သည့် တော်လှန်ရုပ်ရှင် “ပြုံးပြုံးလေး” ဩစတြေးလျ၌ ပထမဆုံးပြသမည်
DVB
·
August 2, 2025
မင်းမော်ကွန်းပါဝင်သည့် တော်လှန်ရုပ်ရှင် “ပြုံးပြုံးလေး” ဩစတြေးလျ၌ ပထမဆုံးပြသမည်
Donate to DVB

တော်လှန်မင်းသားတလက်ဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ပြုံးပြုံးလေးရုပ်ရှင်ကို ဩဂုတ်လအတွင်း ဩစတြေးလျနိုင်ငံမှာ ပထမဆုံး ရုံတင်ပြသ သွားမယ်လို့ ကြေညာထားပါတယ်။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ကိုပေါက်က ကရင်နီပြည်နယ်ထဲမှာ တော်လှန်ရေး ရဲဘော်တွေ၊ အနုပညာရှင်တွေနဲ့အတူ အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင် တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်အနေနဲ့ ရိုက်ကူးထားတာပါ။

လာမယ့် ဩဂုတ် ၁၀ ရက်‌ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ပြသမယ့် Premier show ကိုတော့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကိုယ်တိုင် တက် ရောက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

“August လမှာ ၈၈၈၈ နှစ်ပတ်လည်နဲ့အတူ ကိုကျော်၊ ကိုပေါက်အတွဲရဲ့ ပွဲဦးထွက် "ပြုံးပြုံးလေး" တော်လှန်ရေး ရုပ်ရှင်ကားကြီး Sydney က Bryan Brown Theatre,  Bankstown မှာ ၁၀ ရက်နေ့ ညနေဘက် worldwide premier ပွဲ ပြသတော့မှာဖြစ်ပါတယ်။ ပွဲဦးထွက်ဖြစ်တဲ့အပြင် သူတို့ချစ်တဲ့ ပရိတ်သတ်များအတွက် ကိုကျော်က လူကိုယ်တိုင်လာရောက် နှုတ်ဆက်မှာဖြစ်သလို.... ကိုပေါက်ကလဲ zoom နဲ့ Sydney ချစ်ပရိသတ်ကြီးနဲ့ တွေ့ဆုံစကားပြောကြမှာ ဖြစ်တာကြောင့် လွတ်မသွားသင့်တဲ့ပွဲတပွဲပါနော်။”

ဒီရုပ်ရှင်ကိုတော့ ကနေဒါနဲ့ ဆွီဒင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှာလည်း ထပ်တိုး ပြသသွားဖို့ စီစဉ်ထားသလို ရရှိလာတဲ့ ‌ငွေတွေကိုတော့ မြေပြင်ကို ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ ကြေညာထားပါတယ်။

အကယ်ဒမီ မင်းမော်ကွန်းဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး ဒါဟာ ဒါရိုက်တာ ကိုပေါက်နဲ့ သူ့ရဲ့ ၅ နှစ်ကြာတော်လှန်ရေးကာလ ပထမဆုံးရိုက်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားရှည်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013