DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အမေရိကန်အထူးသံတမန် သွားရောက်မည်
DVB
·
August 1, 2025
ဂါဇာကို အမေရိကန်အထူးသံတမန် သွားရောက်မည်
Donate to DVB

စားနပ်ရိက္ခာ ဖြန့်ချိပေးနေတာနဲ့ပတ်သက်ပြီး စုံစမ်းဖို့ အမေရိကန်ရဲ့ အထူးသံတမန် စတိဗ်ဝတ်ကော့ဟာ ဂါဇာကို သွားရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလဲဗစ်က အတည်ပြုပါတယ်။

ဝတ်ကော့ဟာ ဂါဇာကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဟတ်ကာဘီးနဲ့ အတူသွားမှာဖြစ်ပြီး စားနပ်ရိက္ခာဖြန့်ဖြူးမှုနဲ့ မြေပြင်မှာ အစာရေစာပြတ်ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ အခြေအနေတွေကို ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ ဖြစ်ပါတယ်။

ဝတ်ကော့ဟာ အစ္စရေးနိုင်ငံမှာ ဝန်ကြီးချုပ် နေတန်ရာဟုနဲ့လည်း အကျိုးရှိမယ့် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဂါဇာကို သွားမှာဖြစ်တဲ့အကြောင်း လဲဗစ်ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။

ဂါဇာမှာရှိတဲ့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစာရေစာ ငတ်မွတ်မှုကြောင့် လူပေါင်း ၁၁၁ ယောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲဒီအထဲက ၉၁ ယောက်ဟာ အကူအညီရှာဖွေရင်း ကြာသပတေးနေ့ နေ့လယ်မတိုင်မီ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဆေးရုံဒါရိုက်တာတယောက်ရဲ့ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့က ဂါဇာမြောက်ပိုင်းမှာ စားနပ်ရိက္ခာ စောင့်ဆိုင်းနေကြစဉ် အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၅၀ ကျော် ‌အသတ်ခံခဲ့ရပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ် အစ္စရေးကို ရောက်ချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ဂါဇာမှာ လူသားချင်းစာနာမှု ကပ်ဘေးတွေ အမြန်ဆုံး ရပ်ချင်ရင် ဟားမတ်စ်တွေ လက်နက်ချဖို့နဲ့ ဓားစာခံတွေ လွှတ်ပေးရမှာဖြစ်ပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဂါဇာမှာ စစ်ပွဲစတင်ချိန်ကတည်းက ငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေး ၉၀ အပါအဝင် လူပေါင်း ၁၅၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013