DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် တိုးတက်မှုမရှိပါက အငတ်ဘေးဆိုက်နေကြောင်း ကြေညာမည်ဟု WFP ပြော
DVB
·
July 31, 2025
ဂါဇာတွင် တိုးတက်မှုမရှိပါက အငတ်ဘေးဆိုက်နေကြောင်း ကြေညာမည်ဟု WFP ပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ အခြေအနေတွေ ဆိုးရွားနေပြီး တိုးတက်မှုမရှိရင် အငတ်ဘေးကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တရားဝင်ကြေညာနိုင်တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဘက်စုံပေါင်းစည်းထားတဲ့ စားနပ်ရိက္ခာဖူလုံရေး အဆင့်သတ်မှတ်ချက် အစီရင်ခံစာအရ ဂါဇာမှာ အငတ်ဘေးအဆင့် ၃ ခုအနက် ၂ ခုဖြစ်တဲ့ အစားအစာစားသုံးမှု ကျဆင်းခြင်းနဲ့ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုကို စောင့်ကြည့်လေ့လာထားပါတယ်။

ဂါဇာမှာ စားနပ်ရိက္ခာ ခေါင်းပါးမှုဟာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးမှုတွေနဲ့ သက်ဆိုင်တဲ့ တတိယညွှန်ပြချက်အဖြစ်တော့ မကြေညာနိုင်သေးဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုနဲ့ ရောဂါတွေဟာ ငတ်မွတ်မှုနဲ့ ဆက်နွှယ်တဲ့ သေဆုံးမှုနှုန်းကို မြင့်တက်စေတယ်ဆိုတဲ့ အထောက်အထားတွေ တိုးပွားလာနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လူ ၃ ယောက်မှာ တယောက်ထက်မကတဲ့ လူတွေဟာ ရက်ပေါင်းများစွာ အစာမစားဘဲ ရှိနေကြပြီး ဂါဇာလူဦးရေရဲ့ ၄ ပုံ ၁ ပုံ နီးပါးဖြစ်တဲ့ လူ ၅၀၀,၀၀၀ ကျော်ဟာ “အစာရေစာ ခေါင်းပါးမှုလို အခြေအနေ” ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတယ်လို့ IPC က မှတ်ချက်ပြုခဲ့ပါတယ်။

ဧပြီလကစပြီး ပြင်းထန်တဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်ပေါင်း ၂၀,၀၀၀ ကျော်ကို ဆေးရုံတွေက ကုသပေးခဲ့ပြီး ဇူလိုင်လလယ်ကစပြီး ငတ်မွတ်မှုနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေကြောင့် အနည်းဆုံး အသက် ၅  နှစ်အောက် ကလေး ၁၆ ယောက် သေဆုံးခဲ့တယ်လို့ IPC အချက်အလက်တွေက ဆိုပါတယ်။

မေလမှာ IPC ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ သေဆုံးမှုတို့နဲ့ မှတ်သားထားတဲ့ IPC ရဲ့ အဆိုးရွားဆုံး အမျိုးအစားခွဲအဆင့်ဖြစ်တဲ့ အဆင့် ၅ မှာ အနည်းဆုံး လူတသန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဂါဇာက လူဦးရေတခုလုံးအတွက် ကပ်ဘေးအဆင့်က စက်တင်ဘာလမှာ ဆိုက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

WFP ရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒါရိုက်တာ ယွန်းမာတင် ဘူဝယ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ကြောက်ရွံ့စိုးရိမ်မှုကို ပဲ့တင်ထပ်ရင်း ဂါဇာဟာ အငတ်ဘေးကြုံနေရတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013