DVB Logo
Home
အားကစား
အာဆင်နယ်ဂန္ထဝင်ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖြစ်ပုံကို တိုက်စစ်မှူး ယိုကရက်စ် ရှင်းလင်း
DVB
·
July 31, 2025
အာဆင်နယ်ဂန္ထဝင်ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖြစ်ပုံကို တိုက်စစ်မှူး ယိုကရက်စ် ရှင်းလင်း
Donate to DVB

အာဆင်နယ်အသင်းရဲ့ဂန္ထဝင် ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖြစ်ပုံကို တိုက်စစ်မှူး ဗစ်တာယိုကရက်စ် က ရှင်းလင်းပြောဆိုသွားပါတယ်။

အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၄ ကို အသင်းရဲ့ဂန္ထဝင် တိုက်စစ်မှူး သီယာရီအွန်နရီက ဝတ်ဆင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းတလျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာပါ။

ကျောနံပါတ် ၁၄ ရဲ့ သမိုင်းကို သိရှိပြီးသားဖြစ်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်ပြီး တခြားကျောနံပါတ်တွေလည်း ရွေးချယ်စရာသိပ်မရှိတဲ့အခြေအနေမှာ ကျောနံပါတ် ၁၄ ကို ရွေးချယ်ဖို့က လွယ်ကူခဲ့ကြောင်း ယိုကရက်စ်က ပြောပါတယ်။ 

ယိုကရက်စ်ဟာ  ဇူလိုင် ၃၁ ရက် မှာ စပါးအသင်းနဲ့ ဟောင်ကောင် ခြေစမ်းပွဲမှာ ပွဲဦးထွက်ကစားဖို့ ရှိပါတယ်။

ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်ဟာ စပို့တင်းနည်းပြဟောင်း ရူဘင်အာမိုရင်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် အပေါ် အဆင်သင့်ပြင်ဆင်ထားမှာဖြစ်ကြောင်းလည်း ယိုကရက်စ်က ပြောသွားပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013