DVB Logo
Home
အားကစား
ဘန်လေဂိုးသမား ထရတ်ဖို့ဒ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီး ပြန်ခေါ်
DVB
·
July 30, 2025
ဘန်လေဂိုးသမား ထရတ်ဖို့ဒ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မန်စီးတီး ပြန်ခေါ်
Donate to DVB

မန်စီးတီးအသင်းဟာ ဘန်လေဂိုးသမား ဂျိမ်းစ်ထရတ်ဖို့ဒ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ခေါ်ယူလိုက်ပါတယ်။

အင်္ဂလန်ယူ-၂၁ ဂိုးသမားအတွက် မန်စီးတီးက ပေါင် ၃၁ သန်းပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ်ပေးချေရမယ့် ပမာဏတရပ်လည်း ရှိတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ကြေးပမာဏက အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ကျော်ဖြတ်ပြီး ဗြိတိန် ဂိုးသမားတယောက်အတွက်  ဈေးအများဆုံးအဖြစ် စံချိန်တင်ခဲ့တာပါ။

မန်စီးတီးအသင်းဆီ ပြန်လည်ဖို့က လွယ်ကူတဲ့ဆုံးဖြတ်ချက် ဖြစ်ပြီး တနေ့မှာ ပြန်လာမယ်ဆိုတဲ့ ရည်မှန်းချက် ထားရှိပြီးသားဖြစ်ကြောင်း ထရတ်ဖို့ဒ်က ပြောပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ၂ နှစ်ကမှ ထရတ်ဖို့ဒ်ကို ဘန်လေဆီပေါင် ၁၄ သန်းနဲ့ ရောင်းချခဲ့တာပါ။

မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာအတွက်တော့  နည်းပြဘဝသက်တမ်းတလျှောက်မှာ ကစားသမား ခေါ်ယူမှုတွေအတွက် ယူရို ၂ ဘီလီယံအထိ စံချိန်တင်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013