DVB Logo
Home
မြန်မာသတင်း
ရောင်နီ Live in Texas ပွဲမှ စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၇၀,၀၀၀ ခန့် ရရှိ
DVB
·
July 22, 2025
ရောင်နီ Live in Texas ပွဲမှ စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၇၀,၀၀၀ ခန့် ရရှိ
1 / 7
Donate to DVB

တော်လှန်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ ဦးဆောင်ဖျော်ဖြေတဲ့ ရောင်နီ တက္ကဆက် ဖျော်ဖြေပွဲကနေ  စုစုပေါင်း ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇၀,၀၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ထုတ်ပြန်ပါတယ်။

ဒေသစံတော်ချိန် ဇူလိုင် ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Live in Texas ဟာ ရောင်နီ U.S Tour ရဲ့  ၅ ပွဲမြောက် ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမစတင်ခင်မှာ Art of Universe ၊ The Way ၊ Rhythm ပွဲတွေက ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ရောင်နီ (Maryland , Boston , Florida , San Francisco) ပွဲတွေက ရရှိတဲ့ ရန်ပုံငွေတွေကို မြေပြင်သို့ ပို့ဆောင်ခွဲဝေမှု၊ အကောင်အထည်ဖော်ဆောင်နေမှုတွေကို အဆိုတော် လင်းလင်းက Slide Show ပရိသတ်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ Zoom အသုံးပြုပြီး မြေပြင်တော်လှန်ရေးရဲဘော်တွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ကျင်းပခဲ့ပြီးတဲ့ ရောင်နီ Live in U.S Tour ၄ ပွဲက ရရှိခဲ့တဲ့ ရန်ပုံငွေအကျိုးအမြတ်အားလုံး (မြန်မာငွေ ကျပ်သိန်း ၁၁,၀၀၀ ကျော်)ကို မြေပြင်ကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရောင်နီ Live in Texas ပွဲမှာ ကီးဘုတ် Elvin ၊ တယော Emily၊ ဘေ့စ်ဂစ်တာ Demo ၊ ဒရမ် Tser Htoo ၊ လိဒ်ဂစ်တာ Oliver တို့က တီးခတ်အားဖြည့်ထားပါတယ်။

ရောင်နီ Live in Milwaukee ကို ဩဂုတ် ၁၆ ရက်၊ ရောင်နီ Live in New York ကို စက်တင်ဘာ ၁၃ ရက်တို့မှာ ဆက်လက်ကျင်းပ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013