DVB Logo
Home
နိုင်ငံတကာ
ရုရှားက ယူကရိန်းကို ဒရုန်း၊ ဒုံးကျည်များဖြင့် တညလုံးတိုက်ခိုက်
DVB
·
July 21, 2025
ရုရှားက ယူကရိန်းကို ဒရုန်း၊ ဒုံးကျည်များဖြင့် တညလုံးတိုက်ခိုက်
Donate to DVB

ရုရှားရဲ့ မောင်းသူမဲ့ ဒရုန်းအသစ်တွေ၊ ဒုံးကျည်တွေနဲ့ တညလုံး တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်မှာ လူတယောက် သေဆုံးခဲ့ပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ကိုက ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးအဖွဲ့တွေဟာ ခရိုင် ၄ ခုမှာ ကယ်ဆယ်ကုသရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် မြေအောက် ရထားဘူတာရုံတခု၊ အဆောက်အအုံတွေ၊ ဈေးဆိုင်တွေ၊ အိမ်တွေနဲ့ မူကြိုကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ ကိယက်ဗ်မြို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။

ညပိုင်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ နေထိုင်သူတွေက မြေအောက်ဘူတာရုံတွေမှာ ဗုံးခိုနေခဲ့ရပါတယ်။

ကိယက်ဗ်မြို့ လေကြောင်းကာကွယ်ရေးခုခံမှုတွေကြောင့်လည်း ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားရတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ၂ လကတည်းက ညဘက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေလည်း အိပ်ရေးပျက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ ဒေသခံတွေဟာ မြေအောက်ဘူတာရုံတွေမှာ ဗုံးရှောင်ပြီး အိပ်စက်ရတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ တချို့မြို့တွေနဲ့ ကျေးလက်ဒေသတွေက ရုရှားထိုးစစ်ကို ပိုခံစားခဲ့ရတာကြောင့် ထောင်နဲ့ချီတဲ့လူတွေဟာ မြို့ပေါ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

မြို့ပေါ်မှာ ပိုကောင်းတဲ့ ကာကွယ်ရေးစနစ်တွေ ရှိမယ်လို့ သူတို့က ထင်ခဲ့ကြပေမဲ့ ကိယက်ဗ်မြို့မှာ ညရောက်တာနဲ့ မြေအောက်ဘူတာရုံတွေဆီကို ပြေးပြီး ဗုံးခိုအိပ်စက်ကြရပါတယ်။

ဇွန်လတုန်းက မြေအောက်ဘူတာမှာ လူပေါင်း ၁၆၅,၀၀၀ အထိ စံချိန်တင် များပြားခဲ့တာ တွေ့ရပါတယ်။

ဒါဟာ မေလတုန်းက ဗုံးခိုသူ ၆၅,၀၀၀ နဲ့ယှဉ်ရင် ၂ ဆကျော် တိုးတက်လာတာဖြစ်ပါတယ်။ ပြီးခဲ့နှစ် ဇွန်လကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၅ ဆနီးပါး တိုးလာတာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013