DVB Logo
Home
မြန်မာသတင်း
ပင်လယ်ရေကြောင်းစီးပွားရေး ထိန်းချုပ်နိုင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း
DVB
·
July 20, 2025
ပင်လယ်ရေကြောင်းစီးပွားရေး ထိန်းချုပ်နိုင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း
Donate to DVB

မြန်မာ့ပင်လယ်ရေကြောင်း စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်နိုင်ရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေကို စစ်ခေါင်းဆောင်က ဇူလိုင် ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။

ဥပဒေမှာ အခန်း ၁၃ ခန်း၊ ပုဒ်မ ၄၇ ပါဝင်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ တသက်တကျွန်းအထိ၊ ငွေဒဏ် သိန်း ၅၀၀ ကနေ သိန်း ၁,၀၀၀ အထိ ချမှတ်နိုင်ဖို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဆိပ်ကမ်းနဲ့နီးစပ်သူတယောက်က “ရေတပ်နဲ့ဆိပ်ကမ်းအာဏာပိုင်ပေါင်းပြီး ဖွဲ့ထားတာ။ ရေကြောင်းစီးပွားရေးကို ထိန်းချုပ်ချင်တာ။ ပင်လယ်ကုန်သွယ်ရေးကို ကန့်သတ်ချင်လို့ ဥပဒေကို ထုတ်ပြန်လိုက်တာ၊ ဥပဒေထွက်လာပြီဆိုတော့ ဌာနတွေခွဲပြီး အင်အားတိုးမယ်ထင်တယ်” လို့ ပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ လက်ရှိညွှန်ကြားရေးမှူးချုပ်က ဗိုလ်ချုပ် ထက်လွင်ထွန်း ဖြစ်ပြီး အကြီးအကဲကတော့ ရေတပ်က ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်က သမ္မတလက်အောက်မှာ ထားရှိဖို့ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို စစ်ကောင်စီက အတိုက်အခံလုပ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တာလို့ NLD ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

“NLD အစိုးရလက်ထက်က ကမ်းခြေစောင့်တပ်ကို သမ္မတလက်အောက်မှာမထားဘဲ စစ်တပ်လက်အောက်မှာထားမယ်ပြောလို့ အပြန်အလှန်ကန့်ကွက်မှုတွေဖြစ်ကြတယ်။ အဲကတည်းက ပျက်သွားတာ၊ အာဏာသိမ်းပြီးမှ စိတ်ကြိုက်ပြန်ဖွဲ့တာ” လို့ ပြောပါတယ်။

ပင်လယ်ကမ်းရိုးတန်း ရေမိုင် ၁,၃ဝဝ ဝန်းကျင်နဲ့ ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၀,၀၀၀ ကျော်ရှိတာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို လူအင်အား၊ လက်နက်အင်အား တိုးမြှင့်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ကမ်းခြေစောင့်တပ် တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013