DVB Logo
Home
နိုင်ငံတကာ
ဆိုက်ဘေးရီးယား၌ ရေကြီးရေလျှံမှုကြောင့်  အိမ်ခြေ ၁၀၀ နီးပါး ရေမြုပ်
DVB
·
July 19, 2025
ဆိုက်ဘေးရီးယား၌ ရေကြီးရေလျှံမှုကြောင့်  အိမ်ခြေ ၁၀၀ နီးပါး ရေမြုပ်
Donate to DVB

ရုရှားနိုင်ငံအရှေ့ပိုင်း ဆိုက်ဘေးရီးယားဒေသရှိ လူနေကျဲပါးတဲ့ ဆာခါ(ယာကူတီယာ) ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်တွေမှာ ရေတွေ သိသိသာသာမြင့်တက်လာလို့ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၀၀ နီးပါး ရေထဲနစ်မြုပ်သွားခဲ့ရပါတယ်။  

မောမ်စကီးခရိုင်မှာရှိတဲ့ အိုင်းမစ်ကွန် လူနေဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်ဒီး ဂီယာ့ကာ မြစ်ဝှမ်းမှာ ရေတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ 

ကနဦးခန့်မှန်းချက်အရ ခြံဝင်းပေါင်း ၃၇၆ ခု၊ လူနေ အဆောက်အအုံ ၉၃ လုံးနဲ့ လမ်းမ ၂ ခု ရေနစ်မြုပ်ခဲ့ပါတယ်လို့ ရုရှားနိုင်ငံ အရေးပေါ်အခြေအနေတွေဆိုင်ရာ ဝန်ကြီးဌာနရဲ့ ယာကူတီယံ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးရုံးရဲ့ သတင်းပြန်ကြားရေး အရာရှိ ဆယ်နီယာ ရာ့ခ်မု တုလိနာ က ပြောပါတယ်။ 

ယာကူတီယံဒေသ အရေးပေါ်အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူးရုံးဟာ ဘေးဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေကို အပြည့်အဝ လုပ်ဆောင်ခဲ့တယ် လို့ သတင်းပြန်ကြားရေး အရာရှိ ဆယ်နီယာ ရာ့ခ်မု တုလိနာက ပြောပါတယ်။ 

ကလေး ၃၁ ယောက် အပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ရေကြီးတဲ့နေရာကနေ ရွှေ့ပြောင်းပေးခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက ယာယီတဲ ၉ လုံး ကြိုတင် ပြင်ဆင်ပေးထားကြောင်းလည်း ရာ့ခ်မု တုလိနာ က ဆိုပါတယ်။ 

လောလောဆယ်မှာ ကလေး ၃၁ ယောက် အပါအဝင် လူ ၅၇ ယောက် ထားရှိပြီး တခြားကယ်ဆယ်ခံရသူတွေကတော့ သူတို့ရဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ အတူနေကြပါတယ်လို့ လည်း ဆိုပါတယ်။ 

လှုပ်ရှားရခက်ခဲသူတွေနဲ့ ကလေးတွေကို ဒေသဆိုင်ရာ မြို့တော် ယေ့ကွတ်ထ်စ် ကို ပို့ဆောင်ထားကြောင်းလည်း အရေးပေါ် ညွှန်ကြားရေးမှူးရုံးရဲ့  တယ်လီဂရမ်ချန်နယ်မှာ  သတင်းထုတ်ပြန်ထားပါတယ်။

ဆောင်ရွက်ဆဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ အစိတ်အပိုင်းအဖြစ် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း ၂၀၀ ကျော်နဲ့အတူ ဝေဟင်၊ ရေပြင်နဲ့ မြေပြင်မှာ ကယ်ဆယ်ရေးယာဉ် အစီးရေ ၆၀ ကျော်ကို ဖြန့်ကျက်ချထားပါတယ်။

အိမ်မွေးတိရိစ္ဆာန်တွေကို လည်း မေ့ချန်ထားတာမရှိပဲ ကျွဲနွားတွေကို ဘေးလွတ်ရာ ပို့ဆောင်ထားကြောင်းလည်း အရေးပေါ် ညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013