DVB Logo
Home
နိုင်ငံတကာ
အေအိုင်စက်ရုပ်က ဗြိတိန်ဘုရင် ချားလ်စ် ပုံတူပန်းချီ ရေးဆွဲ
DVB
·
July 18, 2025
အေအိုင်စက်ရုပ်က ဗြိတိန်ဘုရင် ချားလ်စ် ပုံတူပန်းချီ ရေးဆွဲ
Donate to DVB

လူ့အသွင်နဲ့တူအောင် ဖန်တီးထားတဲ့ စက်ရုပ်ပန်းချီဆရာမ အိုက်ဒါဟာ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ပုံတူကို ရေးဆွဲထားတဲ့ သူ့ရဲ့ နောက်ဆုံးလက်ရာကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အိုက်ဒါ စက်ရုပ်ပန်းချီဆရာမဟာ ၂၀၂၂ ခုနှစ်က ချားလ်စ်ဘုရင်ရဲ့ မိခင်ဖြစ်သူ အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ်အဖြစ် ‘Algorithm Queen’ ဆိုတဲ့ တခြား တော်ဝင်ပုံတူပန်းချီကို အရင်ဖန်တီးခဲ့ပြီးနောက်မှာ ‘Algorithm King’ လို့ခေါ်တဲ့ အနုပညာလက်ရာကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

‘Algorithm King’ ပန်းချီကားကို ၂၀၂၅ ခုနှစ် AI for Good Summit ထိပ်သီးအစည်းအဝေး အတွင်း ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဲ့ ကုလသမဂ္ဂတို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် မစ်ရှင်ရုံးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ထုတ်ဖော်ပြသခဲ့တာပါ။

ဒီပန်းချီကားကို ကင်းဗတ်စပေါ်မှာ ဆီဆေးအသုံးပြုတဲ့ စက်ရုပ်လက်မောင်းနဲ့ သူ့မျက်လုံးထဲက ကင်မရာတို့ကို ပေါင်းစပ်ထားတဲ့ အိုက်ဒါ စက်ရုပ်မရဲ့ အဆင့်မြင့် အေအိုင် အယ်လ်ဂိုရစ်သင်မ်ကို အသုံးပြုပြီး ဖန်တီးခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“တတိယမြောက် ချားလ်စ် ဘုရင်မင်းမြတ်ရဲ့ ပုံတူကို သူ့ရဲ့ဖန်တီးမှုဟာ တီထွင်ဖန်တီးမှုသက်သက် မဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲမှာ AI ရဲ့ ပြောင်းလဲလာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်လည်းဖြစ်ပြီး ဉာဏ်ရည်တုက ယဉ်ကျေးမှုအခင်းအကျင်းကို ဘယ်လိုပုံဖော်မလဲ ဆိုတာကို ထင်ဟပ်ကြည့်ဖို့ပါ” လို့ အိုက်ဒါ စက်ရုပ်မက ကုလသမဂ္ဂမှာ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိုက်ဒါ စက်ရုပ်မဟာ အိုက်ဒန် မဲလာရဲ့ တီထွင်ဖန်တီးမှုဖြစ်ပြီး ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာ အာဒါ လဗ်လေ့စ်ကို အစွဲပြုပြီး နာမည်မှည့်ခေါ်ထားတာပါ။

အေအိုင်စက်ရုပ်ဟာ နည်းပညာနဲ့ ဉာဏ်ရည်တုကို လူတွေ ဘယ်လိုတုံ့ပြန်ကြလဲ ဆိုတာကို စကားဝိုင်းတခု လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း အိုက်ဒန်မဲလာက ပြောဖူးပါတယ်။ ဒါဟာ အရေးပါတဲ့ အခိုက်အတန့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အေအိုင် အယ်လ်ဂိုရစ်သင်မ်ဟာ ကွန်ပျူတာကို လူတယောက်လို စဉ်းစားသိမြင်ပြီး သင်ယူနိုင်အောင် လုပ်ဆောင်တဲ့ ဉာဏ်ရည်တု နည်းပညာထဲက စည်းမျဉ်းနည်းလမ်းတွေလို့ အလွယ်မှတ်နိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013