DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် လေကြောင်းလိုင်းများကို ပိတ်ပင်ထားမှု ဗြိတိန် ပြန်ရုပ်သိမ်း
DVB
·
July 17, 2025
ပါကစ္စတန် လေကြောင်းလိုင်းများကို ပိတ်ပင်ထားမှု ဗြိတိန် ပြန်ရုပ်သိမ်း
Donate to DVB

ဗြိတိန်ဟာ ပါကစ္စတန်လေကြောင်းလိုင်းတွေကို ၅ နှစ် ပိတ်ပင်ထားတာကနေ ပြန်လည်  ရုပ်သိမ်းလိုက်ပါတယ်။

ပါကစ္စတန် အာဏာပိုင်တွေရဲ့ ဘေးကင်းရေး မြှင့်တင်မှုတွေ ပြုလုပ်ပြီးနောက်မှာ တားမြစ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်း ဗြိတိန် အဆင့်မြင့်ကော်မရှင်က ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

ဥရောပသမဂ္ဂကလည်း အလားတူအဆင့်တွေကို လုပ်ဆောင်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ဗြိတိန်ရဲ့ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

၂၀၂၀ ပြည့်နှစ် လွန်ခဲ့တဲ့ ၅ နှစ်က လူပေါင်း ၉၇ ယောက် သေဆုံးခဲ့ရတဲ့ PIA လေယာဉ် ပျက်ကျမှုအပြီးမှာ ဒီပိတ်ပင်တားမြစ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး  ပါကစ္စတန်အစိုးရဟာ နိုင်ငံအတွင်း ထုတ်ပေးထားတဲ့ လေယာဉ်မှူးလိုင်စင်တွေရဲ့ တရားဝင်မှုကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ လုပ်ဆောင်ခဲ့တာပါ။

အစ္စလာမ်မာဘတ်ဟာ နိုင်ငံပိုင် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း  (PIA) ကို ပုဂ္ဂလိကဖြစ်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်နေချိန်မှာ သူတို့ကို ဗြိတိန်လေကြောင်းတွေ ပြန်လည် စတင်ပျံသန်းဖို့ လျှောက်ထားခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

PIA ရဲ့ ပြောရေးဆိုခွင့်ရှိသူက လေကြောင်းလိုင်းဟာ ဗြိတိန်လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ပြင်ဆင်မှုတွေကို အပြီးသတ်လုပ်ဆောင်နေပြီး သူ့ကို အဆိုပြုထားတဲ့ အချိန်ဇယားကို တင်သွင်းထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝဂျာ မုဟမ်မဒ် အာဆစ်ဖ်က “နိုင်ငံတကာလမ်းကြောင်း အားလုံးကို ပြန်လည်ပြုပြင်ပြီးနောက်မှာ PIA ကို ပုဂ္ဂလိကပိုင် ပြုလုပ်သွားမှာ ဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့စျေးနှုန်းကို ရရှိပြီး သူ့ရဲ့တန်ဖိုးကို အမြင့်ဆုံး ဖြစ်စေလိမ့်မယ်” လို့ ပြောပါတယ်။

နယူးယောက်ကို ပျံသန်းတဲ့ ခရီးစဉ်တွေလည်း ပြန်စဖို့လည်း စီစဉ်နေပြီး အဲဒီမှာတော့ တားမြစ်ထားခြင်း မရှိပေမဲ့ သူတို့မှာ လေယာဉ်တွေ မရှိတာရယ်၊ PIA မှာလည်း ယိုယွင်းမှုတွေ ရှိခဲ့တာကြောင့် အဲဒါကို ရပ်ထားရတာလို့ ဆိုပါတယ်။

ဒါကို ပြန်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့လည်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး မုဟမ်မဒ် အာဆစ်ဖ်က ပြောဆိုပါတယ်။

ပါကစ္စတန် ပုဂ္ဂလိကလေကြောင်းလိုင်း အများအပြားဟာ ပြည်တွင်းမှာသာမက ဒေသလမ်းကြောင်းတွေ အဓိကအားဖြင့် အရှေ့အလယ်ပိုင်း လမ်းကြောင်းတွေကို ပြေးဆွဲပျံသန်းကြပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂကို ခရီးဝေးပျံသန်းမှုတွေ လုပ်ဆောင်တဲ့ သမိုင်းတလျှောက် တခုတည်းသော လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။

PIA လေကြောင်းလိုင်းဟာ လန်ဒန်၊ မန်ချက်စတာနဲ့ ဘာမင်ဂမ် အပါအဝင် သူ့ရဲ့ အမြတ်အစွန်း အများဆုံးရတဲ့ UK လမ်းကြောင်းတွေကို ကာလရှည်ကြာ စဉ်းစားထားတာဖြစ်ပြီး လန်ဒန်ရဲ့ ဟိသရိုးလေဆိပ်မှာ ပြန်လည်အသက်ဝင်လာဖို့ရှိတဲ့ သူ့ရဲ့လေယာဉ်တွေ ဆင်းသက်မယ့် နေရာကိုတောင် ရှာထားပြီး ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013