DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား-အမေရိကန် အခွန်စည်းကြပ်မှု သဘောတူညီချက်ရ
DVB
·
July 17, 2025
အင်ဒိုနီးရှား-အမေရိကန် အခွန်စည်းကြပ်မှု သဘောတူညီချက်ရ
Donate to DVB

အင်ဒိုနီးရှားနဲ့ အမေရိကန် နှစ်နိုင်ငံကြား အဆိုပြုထားတဲ့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကို ၃၂ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ဇူလိုင် ၁၆ ရက်မှာ သဘောတူညီချက်တရပ် ရသွားပါပြီ။

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ညှိနှိုင်းဖို့ ခက်တဲ့သူလို့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနဲ့ အမေရိကန်တို့ဟာ အကျိုးစီးပွားအတွက် အပြန်အလှန် နားလည်မှုရှိပြီး ဆက်ညှိနှိုင်းဖို့ အစီအစဉ်ရှိတယ်လို့ ပရာဘိုဝိုက သတင်းထောက်တွေကို ဂျကာတာမြို့တော်မှာ ပြောပါတယ်။

သြဂုတ် ၁ ရက် နောက်ဆုံးထားပြီး စေ့စပ်ညှိနှိုင်းဖို့ ထရမ့်ပ်အစိုးရက အချိန်ပေးထားပေမဲ့ နောက်ဆုံးရက်မတိုင်မီ သဘောတူညီချက်ရတဲ့ နိုင်ငံက လက်တဆုပ်စာလောက်သာ ရှိတာပါ။

လူဦးရေအရ ကမ္ဘာ့စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ G20 အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီယံအထိ ရှိခဲ့တယ်လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံ အင်ဒိုနီးရှားဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်မှုသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဘိုးရင်း BA.N ဂျက်လေယာဉ် အစင်း ၅၀၊ အမေရိကန်စွမ်းအင် ဒေါ်လာ ၁၅ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန် လယ်ယာထွက်ကုန်တွေ ဝယ်ဖို့ ကတိပြုထားတယ်လို့ ထရမ့်ပ်က ဇူလိုင် ၁၅ ရက်မှာ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အမေရိကန်ရဲ့ ထိပ်တန်းကုန်သွယ်ဖက် ၂၅ နိုင်ငံထဲက တနိုင်ငံဖြစ်ပြီး မနှစ်က အမေရိကန်ဆီကို အဝတ်အထည်၊ ဖိနပ်နဲ့ စားအုန်းဆီတွေ အပါအဝင် ကုန်စည်တွေ ဒေါ်လာ ၂၈ ဘီလီယံဖိုး တင်ပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013