DVB Logo
Home
အားကစား
WBC ဝဲလ်တာဝိတ်ချန်ပီယံနှင့် ပက်ကွီအို တနင်္ဂနွေနေ့ထိုးသတ်မည်
DVB
·
July 17, 2025
WBC ဝဲလ်တာဝိတ်ချန်ပီယံနှင့် ပက်ကွီအို တနင်္ဂနွေနေ့ထိုးသတ်မည်
Donate to DVB

ကမ္ဘာ့ဝိတ်တန်း ၈ ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုဟာ လာမယ့် တနင်္ဂနွေနေ့မှာ လက်ဝှေ့ပြန်ထိုးသတ်မှာ ဖြစ်ပါတယ်။

ပက်ကွီအိုဟာ WBC ဝဲလ်တာဝိတ်ချန်ပီယံ မာရီယိုဘာရီယိုနဲ့ လက်စ်ဗီးဂတ်စ်မှာ ထိုးသတ်မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က လက်ဝှေ့သမားဘဝကနေ အနားယူခဲ့တဲ့ ပက်ကွီဟိုဟာ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း သမ္မတရွေးကောက်ပွဲ ဝင်ခဲ့ဖူးပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ ပက်ကွီအိုဟာ ကစားသမားဘဝတလျှောက် ပွဲပေါင်း ၇၂ ပွဲ ထိုးသတ်ခဲ့ဖူးပြီး ၆၂ ပွဲနိုင်၊ ၈ ပွဲရှုံး၊ ၂ ပွဲ သရေကျခဲ့သူဖြစ်ပြီး PacMan ဆိုတဲ့ နာမည်ပြောင် ရရှိထားကာ အကြီးကျယ်ဆုံး လက်ဝှေ့သမားတယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ပက်ကွီအိုနဲ့ ထိုးသတ်မယ့် ပြိုင်ဘက်ကတော့ မက္ကဆီကို-အမေရိကန် လက်ဝှေ့သမားတယောက် ဖြစ်တဲ့ ဘာရီယိုဖြစ်ပြီး ၃၂ ပွဲမှာ ၂၉ ပွဲနိုင်၊ ၁၈ ပွဲ အလဲထိုးထားကာ ၂ ပွဲသာ ရှုံးနိမ့်ထားသူ ဖြစ်ပါတယ်။

ပက်ကွီအိုဟာ ၂၀၁၉ ခုနှစ် အသက် ၄၀ အရွယ်မှာ ကမ္ဘာ့ဝဲလ်တာဝိတ်ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ကမ္ဘာ့ဝဲလ်တာဝိတ်ချန်ပီယံ သမိုင်းတလျှောက် အသက်အကြီးဆုံး ဗိုလ်စွဲနိုင်သူအဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်ပွဲမှာ ဘာရီယိုကို အနိုင်ရပါက ကမ္ဘာ့ဝဲလ်တာဝိတ်သမိုင်းတလျှောက် အသက်အကြီးဆုံး ဗိုလ်စွဲနိုင်တဲ့စံချိန်ကို ထပ်မံချိုးဖျက်နိုင်မှာ ဖြစ်ပါတယ်။

ပက်ကွီအိုဟာ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ဝိတ်တန်း ၈ တန်းမှာ စံချိန်တင် ဗိုလ်စွဲနိုင်တဲ့ တယောက်တည်းသော လက်ဝှေ့သမား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013