DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် စားနပ်ရိက္ခာရရန် ကြိုးစားသည့် ပါလက်စတိုင်း ၈၇၅ ဦး သတ်ဖြတ်ခံခဲ့ရဟု ကုလ ပြော
DVB
·
July 16, 2025
ဂါဇာတွင် စားနပ်ရိက္ခာရရန် ကြိုးစားသည့် ပါလက်စတိုင်း ၈၇၅ ဦး သတ်ဖြတ်ခံခဲ့ရဟု ကုလ ပြော
Donate to DVB

အမေရိကန်နဲ့ အစ္စရေးကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) တို့က ဦးစီးတဲ့ ဂါဇာရှိ အကူအညီပေးရေးစခန်းတွေနဲ့ ကုလသမဂ္ဂ အပါအဝင် တခြားကယ်ဆယ်ရေးအဖွဲ့တွေက လုပ်ဆောင်တဲ့ အကူအညီပေးရေးယာဉ်တန်းတွေမှာ ပြီးခဲ့တဲ့ သီတင်း ၆ ပတ်အတွင်း အနည်းဆုံး လူပေါင်း ၈၇၅ ယောက် သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၁၃ ရက်အထိ ဂါဇာကမ်းမြောင်ဒေသမှာ စားနပ်ရိက္ခာရဖို့ ကြိုးစားရင်း သေဆုံးသူ ၈၇၅ ယောက်ကို မှတ်တမ်းတင်ထားတာပါ။

GHF အနီးတဝိုက်မှာ လူပေါင်း ၆၇၄ ယောက် သေဆုံးခဲ့ပြီး ကျန် ၂၀၁ ယောက်က တခြားအကူအညီပေးရေး ယာဉ်တန်းတွေပေါ်မှာ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OCHCR) ရဲ့ ပြောရေးဆိုခွင့်ရှိသူ သာမီးန်အယ်လ်ခီးတန်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) က သူတို့ တာဝန်ယူထားတဲ့ နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂကို သတင်းမှားတွေဆိုပြီး စွပ်စွဲထားပါတယ်။

OCHCR ပြောရေးဆိုခွင့်ရှိသူကတော့ ဆေးဘက်ဆိုင်ရာ၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေ တဆင့် စုဆောင်းထားတဲ့ အချက်အလက်တွေကို အခြေခံထားတာလို့လည်း ဆိုပါတယ်။

လူသတ်မှု တခုချင်းစီတိုင်းအတွက် သက်သေအထောက်အထားတွေကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့နဲ့ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ထပ်မံတောင်းဆို ကြောင်းလည်း ပြောဆိုပါတယ်။

GHF ဟာ ဂါဇာကမ်းမြောင်ကို ထောက်ပံ့ရေးပစ္စည်းတွေ ရရှိအောင် အမေရိကန် ပုဂ္ဂလိက လုံခြုံရေးနဲ့ ထောက်ပို့ကုမ္ပဏီတွေကို အသုံးပြုပြီး အများအားဖြင့် ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီဖြန့်ဖြူးရေးစနစ်ကို ရှောင်ကွင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အကူအညီဖြန့်ဖြူးရေးစနစ်ဟာ အရပ်သားတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေကို လုယက်ခွင့်ပေးထားတယ် လို့ အစ္စရေးက စွပ်စွဲထားပြီး ဒီစွပ်စွဲချက်ကို ဟားမတ်စ်က ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013