DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ရှက်တီစခန်းကို အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅ ဦးထက်မနည်း သေဆုံး
DVB
·
July 15, 2025
ဂါဇာရှိ ရှက်တီစခန်းကို အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅ ဦးထက်မနည်း သေဆုံး
Donate to DVB

အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာမြို့မြောက်ပိုင်းက ရှက်တီဒုက္ခသည်စခန်းမှာရှိတဲ့ အိမ်တလုံးကို တိုက်ခိုက်ခဲ့လို့ လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကမ်းမြောင်ဒေသက ကယ်ဆယ်ရေးသမားတွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက ဇူလိုင် ၁၅ ရက်မှာ  သတင်းထုတ်ပါတယ်။

အစ္စရေး စစ်တပ်က ဟားမတ်စ်တွေကို ဆက်ထိုးစစ်ဆင်နေချိန်မှာ ဂါဇာကမ်းမြောင်ဘက်ခြမ်းမှာ မီးခိုးမြူတွေ ထူနေတာကို အစ္စရေးနယ်စပ်ကနေ မြင်နေရပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲစချိန် ၂၀၂၃ ခုနှစ် အောက်တိုဘာကနေ ခုထိ လူပေါင်း ၅၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

ကိန်းဂဏန်းစာရင်းမှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားတွေကို ခွဲခြားမထားပေမဲ့ သေဆုံးသူတွေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ခုသီတင်းပတ်အတွင်း ဖြောင့်ဖြောင့်တန်းတန်း ရပ်တည်နိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသက အစ္စရေးတပ်တွေ ဆုတ်ခွာရေးနဲ့ ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲတွေအတွက် ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ကျောထောက်နောက်ခံ ပေးထားပါတယ်။

ထရမ့်ပ်က "ကျနော်တို့ ဆွေးနွေးနေကြပြီး လာမယ့်အပတ်မှာ အဲဒါကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေက အစ္စရေးနိုင်ငံထဲကို ဝင်ရောက် စီးနင်းခဲ့လို့ လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက်ကို ဂါဇာဆီ ဖမ်းခေါ်သွားခဲ့တာပါ။  လက်ကျန် ဓားစာခံ အယောက် ၅၀ ထဲက အနည်းဆုံး ၂၀ လောက် အသက်ရှင်နေသေးတယ်လို့ ယုံကြည်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013