DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် စစ်မှုထမ်း အဓမ္မဖမ်းဆီးခေါ်ခံရသည့် အမျိုးသား ၁ ဦး ရိုက်နှက်ခံရပြီး သေဆုံး
DVB
·
July 15, 2025
ဘိုကလေးတွင် စစ်မှုထမ်း အဓမ္မဖမ်းဆီးခေါ်ခံရသည့် အမျိုးသား ၁ ဦး ရိုက်နှက်ခံရပြီး သေဆုံး
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်းဖျားကျေးရွာအုပ်စု၊ ညီနောင်ဖျားကျေးရွာက စစ်မှုထမ်း အဓမ္မဖမ်းဆီးခေါ်ခံရတဲ့ လူငယ်အမျိုးသားတယောက် စစ်ကောင်စီတပ်က ရိုက်နှက်မှုကြောင့် သေဆုံးသွားတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့လူငယ်ဟာ ညီနောင်ဖျားကျေးရွာမှာ နေထိုင်တဲ့အသက် ၂၉ နှစ်အရွယ် အောင်အောင်ဆိုသူဖြစ်ပြီး စစ်ကောင်စီခန့် ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်နဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၉ ရက်က မော်လမြိုင်ကျွန်း အခြေစိုက်တပ် ၅၃၄ ကို အဓမ္မဖမ်းခေါ် သွားတာဖြစ်ပြီး ဇူလိုင် ၁၃ ရက်မှာ အလောင်းလာယူဖို့ မိသားစုတွေဆီ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူနဲ့နီးစပ်သူက  “ကောင်လေးက နေမကောင်းဖြစ်နေတာ။ ဆေးခန်းပြဖို့ လုပ်နေရင်း ဖမ်းခေါ်ခံရတာ။ တပ်ထဲရောက်တော့ သူတို့ခိုင်းတာတွေမလုပ်နိုင်တော့ ရိုက်နှက်ခံရပြီး သေဆုံးသွားတာ။ အုပ်ကြီးမျိုးမင်းအောင်နဲ့ စစ်သားတွေက ဖမ်းခေါ်သွားတာ။ အလောင်းကို ၁၃ ရက်နေ့က လာယူခိုင်းတာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မျိုးမင်းအောင်က သေဆုံးသွားတဲ့ ကိုအောင်အောင်ကို စတင်ဖမ်းဆီးခေါ်ချိန်က စစ်မှုမထမ်းချင်ပါက ဆေးကျအောင်လုပ်ပေးမယ်၊ ငွေသိန်း ၁၀၀ ကျော်ပေးဖို့ မိဘတွေဆီ ပြောဆိုတောင်းယူခဲ့ပြီး မိဘတွေက ငွေကျပ် ၁၀၈ သိန်းရှာဖွေပေးပြီးနောက် သေဆုံးသွားပြီး အလောင်းထုတ်ယူဖို့ အကြောင်းကြားခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူ က “စစ်မှုထမ်းခေါ်ခံရပြီး သေဆုံးသွားတဲ့လူငယ်ကို စစ်ကောင်စီတပ်ဘက်က အတက်ရောဂါနဲ့ သေဆုံးတာလို့ မိသားစုတွေကိုပြောတာ။ သေဆုံးသူရဲ့ Dead Body မှာ နောက်စေ့ရောင်ဒဏ်ရာနဲ့ မျက်လုံးသွေးဝိုင်း ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးတာ” လို့ ပြောပါတယ်။

စစ်မှုထမ်းခေါ်ခံရပြီး သေဆုံးသွားတဲ့ မောင်အောင်အောင် မိသားစုဟာ စစ်ကောင်စီတပ်က ရိုက်နှက်မှုကြောင့် လူ့အသက်ဆုံးရှုံးရတဲ့အပြင် စစ်ကောင်စီတပ်ကိုပေးဖို့ အုပ် ချူပ်ရေးမှူး မျိုးမင်အောင် တောင်းယူထားတဲ့ ငွေကျပ် ၁၀၈ သိန်းပါ မရဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုသေဆုံးသွားတဲ့ ကိုအောင်အောင်နဲ့ ညီနောင်ကျေးရွာ အုပ်ချုပ်ရေးမှူး မျိုးမင်အောင်တို့မှာ ယခင်ကလူမှုရေး အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မော်လမြိုင်ကျွန်းမြို့အခြေစိုက် ၅၃၄ တပ်က တပ်ရင်းမှူးဆိုသူ သူရိန်စိုးနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းကာ စစ်မှုထမ်းမိသားစုတွေကို ငွေညှစ်တာ၊ အမျိုးမျိုးခြိမ်းခြောက်တာ တွေ လုပ်နေပြီး စစ်မှုထမ်းလူငယ်တွေကို အလုပ်တွေခိုင်းပြီး မလုပ်ပါက ရိုက်နှက်နေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013