DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား ၅ ဦး အလင်းဝင်ခိုလှုံ
DVB
·
July 14, 2025
စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား ၅ ဦး အလင်းဝင်ခိုလှုံ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား  ၅ ယောက် ဇူလိုင် ပထမပတ်က အလင်းဝင်ရောက်ခိုလှုံလာကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့မရဲစခန်းက  ရဲတပ်သား တယောက် လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာလို့ ဆုကြေးငွေ ချီးမြှင့်ပြီး သူ့ဆန္ဒအတိုင်းသူသွားချင်တဲ့နေရာရောက်အောင်ပို့ဆောင်ပေးလိုက်ပြီလို့ Chinland Defense Force - Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အခုလက်ရှိကတော့ ကျနော်တို့ဘက်က ဟားခါးမြို့သိမ်းတိုက်ပွဲကတော့ မစသေးဘူး။ ဒါပေမဲ့ မြို့ကိုတော့ ဘက်ပေါင်းစုံကနေ ဝိုင်းထားတဲ့အနေအထားရှိနေပြီ။ ဒါကြောင့်မို့လို့ မြို့ထဲမှာ ကျန်နေတဲ့ စကစလက်အောက်ခံတွေအနေနဲ့က အလင်းဝင်ချင်ရင် မြို့ပြင်ကို ထွက်လာရုံပါပဲ။ မြို့သိမ်းတိုက်ပွဲမစခင် အလင်းဝင်ကြဖို့ဖိတ်ခေါ်တယ်။ တိုက်ပွဲစလို့ကတော့ အလင်းမဝင်ဘဲ ကျန်နေတဲ့သူတွေအတွက် အသက်အန္တရာယ်ကိုအာမမခံဘူး။”

အဆိုပါ ရဲတပ်သားဟာ G3 သေနတ်  တလက်၊ ကျည်အိမ် တခုနဲ့ စကားပြောစက် တလုံးတို့ ယူဆောင်လာပြီး ဇူလိုင် ၆ ရက်မှာ Chinland Defense Force - Hakha ဆီကို အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

အလားတူ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာလည်း ဇူလိုင် ၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ YOMA AYA People's Defense Force (ရိုးမဧရာအဖွဲ့) ဆီကနေ သိရပါတယ်။

ရိုးမဧရာအဖွဲ့ တာဝန်ခံ ကိုနက္ခတ်က “ပန်းတောင်းမြို့နယ်ထဲက မသုန်ရွာနားမှာအခြေစိုက်ထားတဲ့ ကပစ ၁၆ က တပ်သားအဆင့်ရှိတဲ့သူ ၄ ယောက်က အခြေအနေ အကြောင်းကြောင်းကြောင့် လက်နက်မယူခဲ့နိုင်ကြဘဲ ထွက်ပြေးလာပြီးတော့ ကျနော်တို့ဆီကို အလင်းဝင်လာကြတာပါ။ သူတို့ထဲက ၃ ယောက်ကတော့ သူတို့ဆန္ဒအရ ကျနော်တို့အဖွဲ့နဲ့ ပေါင်းပြီး စစ်တပ်ကို ပြန်တိုက်သွားကြဖို့ ဆုံးဖြတ်ထားကြတယ်။ ကျန်တဲ့  တယောက်ကတော့ မိသားစု ဆီပြန်ချင်တယ်ဆိုလို့ ဆက်သွယ်ပေးပြီး သူ့မိသားစုကပဲ လာခေါ်သွားပါပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း နယ်မြေအများအပြားဆုံးရှုံးနေပြီး တပ်ဖွဲ့ဝင်အင်အား နည်းပါးလာနေတဲ့အတွက် ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်အင်အားအဖြစ်အသုံးပြုဖို့ စစ်မှုထမ်းအပတ်စဥ် ၁၂ အထိခေါ်ယူနေရပါတယ်။

ဒါပေမဲ့ အခုနှစ် ပထမ ၆ လအတွင်း ဇန်နဝါရီလကနေ ဇွန်လကုန်အထိ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းပေါင်း ၁,၅၀၀ နီးပါးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013