DVB Logo
Home
အားကစား
ကွယ်လွန်သူ ဂျိုတာအတွက် လီဗာပူးအသင်း ပထမဆုံးရာသီကြိုခြေစမ်းပွဲတွင် ဂုဏ်ပြု
DVB
·
July 14, 2025
ကွယ်လွန်သူ ဂျိုတာအတွက် လီဗာပူးအသင်း ပထမဆုံးရာသီကြိုခြေစမ်းပွဲတွင် ဂုဏ်ပြု
Donate to DVB

ပရက်စ်တန်နဲ့ ကစားခဲ့တဲ့ ပထမဆုံးရာသီကြိုခြေစမ်းပွဲစဉ်မှာ လီဗာပူးအသင်းက ကွယ်လွန်သူ ဒီယေဂိုဂျိုတာအတွက် ပွဲမစတင်ခင် တမိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ပရက်စ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲမစတင်ခင်မှာ နှစ်သင်းစလုံးက ကွင်းလယ်စက်ဝိုင်းမှာ နေရာယူပြီး ဒီယေဂိုဂျိုတာနဲ့ ညီဖြစ်သူအန်ဒရီတို့အတွက် အမှတ်တရ အောက်မေ့ပွဲပြုလုပ်ပြီး ဂုဏ်ပြုခဲ့ကြတာပါ။

ဘရက်ဒ်လေက ဦးဆောင်ဂိုးစသွင်းခဲ့ပြီး တိုက်စစ်မှူး ဒါဝင်နူညက်ဇ်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူပြီးချိန်မှာ ဂျိုတာရဲ့အောင်ပွဲခံဟန်အတိုင်း အလံတိုင်ထောင့်ဆီ ပြေးလွှားထိုင်ကာ ဗီဒီယိုဂိမ်းကစားတဲ့ဟန်နဲ့ အောင်ပွဲခံခဲ့ပါတယ်။

ပွဲအပြီးမှာလည်း ပရိသတ်တွေရှေ့မှောက်မှာ ဂျိုတာရဲ့ အမည်ကို သံပြိုင်အော်ဟစ်ပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။

အဓိကတိုက်စစ် ကစားသမားဂျိုတာ ကွယ်လွန်မှုဟာ ဘောလုံးကို အာရုံစိုက်ဖို့ ခက်ခဲခဲ့ကြောင်းလည်း နည်းပြအာနဲစလော့က ပွဲအပြီးမှာ ပြောပါတယ်။

လီဗာပူးဟာ လာမယ့် ဇူလိုင် ၂၆ ရက်မှာ အေစီမီလန်အသင်းနဲ့ အိမ်ကွင်း အမ်ဖီးလ်မှာ ခြေစမ်းပွဲ ဆက်လက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013