DVB Logo
Home
မြန်မာသတင်း
တရားမဝင်ပစ္စည်းဟုဆိုပြီး ၂ ရက်အတွင်း သိန်းပေါင်း ၄ သောင်းကျော်ဖိုး ဖမ်းဆီး
DVB
·
July 13, 2025
တရားမဝင်ပစ္စည်းဟုဆိုပြီး ၂ ရက်အတွင်း သိန်းပေါင်း ၄ သောင်းကျော်ဖိုး ဖမ်းဆီး
Donate to DVB

ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုင်းနဲ့ပြည်နယ်တွေကနေ တရားမဝင်ကုန်ပစ္စည်းဆိုပြီး ကျပ်သိန်းပေါင်း ၄၂,၀၀၀ ကျော်ဖိုး ပစ္စည်းတွေ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၁၀ ရက်က ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့ ရဲသာ ယာယီယာဉ်စစ်ကွင်းမှာ ကား ၅ စီးပေါ်ကနေ တရားဝင်စာရွက်စာတမ်း အထောက်အထားမပြနိုင်တဲ့ လူသုံးကုန်ပစ္စည်း ၁၄ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၆ မျိုး၊ စားသောက်ကုန်ပစ္စည်း ၄ မျိုး ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၅,၅၀၀ ကျော်၊ အဲဒီပစ္စည်းတွေတင်လာတဲ့ ကား ၅ စီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁,၂၅၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆,၈၀၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်နားမှာလည်း ဘားအံမြို့ကနေ မန္တလေးကို မောင်းလာတဲ့ကားနဲ့ ဘားအံမြို့ကနေ ရန်ကုန်ကိုမောင်းလာတဲ့ကားပေါ်ကနေ အထောက်အထားမပြနိုင်တဲ့ လူသုံးကုန်ပစ္စည်း ၆ မျိုး၊ စားသောက်ကုန်ပစ္စည်း ၆ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၅၀ လောက်နဲ့ ပစ္စည်းတင်လာတဲ့ ကား ၂ စီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၇၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၅၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်မှာလည်း မန္တလေးတိုင်း၊ မြစ်ငယ်စစ်ဆေးရေးဂိတ်မှာ မော်လမြိုင်ကနေ မန္တလေးကို မောင်းလာတဲ့ကားပေါ်ကနေ စားသောက်ကုန်ပစ္စည်း ၃ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၅၀ ကျော်၊ ပစ္စည်းတင်လာတဲ့ကား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၅၀၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ပလိပ်မြို့ UPG စက်ရုံနားမှာ ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ကားပေါ်က လူသုံးကုန်ပစ္စည်း ၃၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၅ မျိုး၊ စားသောက်ကုန်ပစ္စည်း ၅ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၅၀ ကျော်နဲ့ ပစ္စည်းတင်လာတဲ့ကား  ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၀၀၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁,၅၅၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးမှာစုပုံထားတဲ့ အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း ၆၅ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇ သိန်းကျော်ဖိုးကိုလည်း ဖမ်းဆီးရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကော့သောင်းမြို့ကနေ ရန်ကုန်မြို့ကို ဆိုက်ကပ်လာတဲ့ ရေယာဉ်တစင်းပေါ်ကနေ လုပ်ငန်းသုံးပစ္စည်း ၂ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅၇၀ ကျော်၊ ပစ္စည်းတင်လာတဲ့ရေယာဉ် ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀,၀၀၀၊ အမှတ် ၂ လမ်းမကြီး စီးပွားရေးတက္ကသိုလ်နားမှာ သာမညကနေ ရန်ကုန်ကို လာတဲ့ကားပေါ်ကနေ လုပ်ငန်းသုံးပစ္စည်း ၂ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅ သိန်းကျော်၊ ပစ္စည်းတွေတင်လာတဲ့တွဲကား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၀၀၊ ရန်ကုန်- ပဲခူးလမ်းဟောင်း ဘုရားကြီးလမ်းဆုံနားမှာ သာမညကနေ ရန်ကုန်ကိုလာတဲ့ကားပေါ်က လူသုံးကုန်ပစ္စည်း ၂ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄ သိန်းကျော်၊ ပစ္စည်းတင်လာတဲ့တွဲကား ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၅၀၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၂,၇၂၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ 

ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်မှာ ဖမ်းဆီးတာစုစုပေါင်း အမှုတွဲ ၄၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄၂,၃၇၀ လောက် ရှိပြီး ဇူလိုင် ၁၁ ရက်မှာ ရဲတွေက လိုင်စင်မဲ့ကား ၇ စီးနဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၂၈ စီးကိုလည်း ဖမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013