DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်ရေးဆွေးနွေးမှု ပြိုလဲလုနီးပါး ဖြစ်နေဟု ပါလက်စတိုင်း ပြော
DVB
·
July 13, 2025
ဂါဇာ အပစ်ရပ်ရေးဆွေးနွေးမှု ပြိုလဲလုနီးပါး ဖြစ်နေဟု ပါလက်စတိုင်း ပြော
Donate to DVB

ဂါဇာ အပစ်ရပ်ရေးဆွေးနွေးမှုဟာ ပြိုလဲလုနီးပါးဖြစ်နေပြီလို့ ပါလက်စတိုင်းက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ကာတာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံပြန်လွှတ်ရေး သဘောတူညီမှုအသစ်အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ပါလက်စတိုင်း စီနီယာအရာရှိတယောက်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အမေရိကန်ကို ဒီတပတ် သွားရောက်လည်ပတ်တဲ့အချိန်မှာ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပြီး အချိန်ဆွဲတာတာလို့ ပြောပါတယ်။

ကာတာအစည်းအဝေးတက်တဲ့ သူတွေဟာ အစ္စရေးတပ်တွေ ဆုတ်ခွာဖို့ လူသားချင်းစာနာမှုအကူအညီပေးမှုတွေ ခွင့်ပြုဖို့ စတဲ့ အဓိက အချက်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့သူတွေ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

နေတန်ယာဟုဟာ အမေရိကန်ကို မသွားခင် ဂါဇာအရေးနဲ့ပတ်သက်ပြီး ရက်အနည်းငယ်အတွင်း သဘောတူညီမှုရမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ သူက ဟားမတ်တွေ ဖမ်းထားတဲ့ ဓားစာခံအယောက် ၂၀ ထဲက တဝက်ကို ပြန်လွှတ်ပေးဖို့ အဆိုပြုထားပါတယ်။

ရက် ၆၀ အပစ်အခတ်ရပ်စဲတုန်းက သေဆုံးခဲ့တဲ့ ဓားခံ ၃၀ အနက် ၁၅ ယောက်ကိုသာ ပြန်ပြီး လွှဲပေးခဲ့တာဖြစ်ပါတယ်။  အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ဒိုဟာမှာရှိတဲ့ သီးခြားအဆောက်အအုံမှာ ဆွေးနွေးမှု ၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ကာတာအိမ်ရှေ့မင်းသား၊ အီဂျစ်ထိပ်တန်းထောက်လှမ်းရေးအရာရှိတွေနဲ့ အမေရိကန်သံတမန် ဘရက်မတ်ဂတ်တို့ တက်ရောက်ခဲ့ပါတယ်။ 

အစ္စရေး၊ ဟားမတ်တို့ရဲ့ စစ်ဘက်၊ လုံခြုံရေးနဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေဟာ စကားနဲ့ စာရေးသားဖော်ပြမှုတွေကို ဖျန်ဖြေရေးတွေက တဆင့် ဆက်သွယ်ပြီး ဆွေးနွေးမှု ပြုလုပ်တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲဟာ ပြိုလဲလုနီးပါးဖြစ်နေပြီ ဆိုပြီး ပါလက်စတိုင်းအရာရှိက သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်စလုံးက လက်ခံနိုင်စရာမရှိတဲ့ အချက်တွေ အများကြီးရှိတာကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ခွင့်ပြုဖို့နဲ့ အစ္စရေးတပ်တွေ ဆုတ်ခွါဖို့ တောင်းဆိုချက်ကို သဘောမတူခဲ့တာဖြစ်ပါတယ်။

အစ္စရေးက အကူအညီပေးမှုတွေကို အစ္စရေးနဲ့ အမေရိကန်ထောက်ခံပေးထားတဲ့ အဖွဲ့တွေက တဆင့် ပေးပို့ဖို့ကိုပဲ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013