
ဟာဝိုင်အီကျွန်းပြည်နယ်မှာ ဇူလိုင် ၉ ရက်က ကီလောင်ဝေယာ မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေ လေထဲပန်းထွက်နေပုံကို အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ရိုက်ကူးထားတဲ့ ရုပ်သံမှာ မြင်တွေ့ရပါတယ်။
မနက် ၄ နာရီ ၁၀ မိနစ်လောက်မှာ မီးတောင်ကနေ ချော်ရည်ပန်းထွက်မှု အဓိကဖြစ်စဉ် စတင်ဖြစ်ပွားခဲ့ကြောင်း ဟာဝိုင်အီ မီးတောင်စောင့်ကြည့်လေ့လာရေးဌာနကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ချော်ရည်ပန်းထွက်မှုဟာ အစပိုင်းမှာ ပေ ၁၅၀ လောက်အထိ ရောက်ခဲ့တာကနေ ပေ ၁၂၀၀ ဝန်းကျင်အထိကို အားကောင်းမြင့်တက်ခဲ့ပါတယ်။
ချော်ရည်တွေဟာ အချိန် ၉ နာရီကြာလောက် အဆက်မပြတ် ပန်းထွက်နေခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်မှာတော့ ရုတ်တရက် ရပ်တန့်သွားခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။
Source:Reuters