DVB Logo
Home
နိုင်ငံတကာ
ဟားဗတ်တက္ကသိုလ်ကို တရားဝင်အသိအမှတ်ပြုမှု ရုပ်သိမ်းရန် ထရမ့်ပ်အစိုးရ ကြိုးပမ်း
DVB
·
July 10, 2025
ဟားဗတ်တက္ကသိုလ်ကို တရားဝင်အသိအမှတ်ပြုမှု ရုပ်သိမ်းရန် ထရမ့်ပ်အစိုးရ ကြိုးပမ်း
Donate to DVB

ဟားဗတ်တက္ကသိုလ်ဟာ တရားဝင်အသိအမှတ်ပြုမှု (accreditation) စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိတော့ဘူးလို့ ထရမ့်ပ် အစိုးရက ကြေညာလိုက်ပြီး ရုပ်သိမ်းပေးဖို့အတွက် ဒီလို တရားဝင် အသိအမှတ်ပြုပေးတဲ့ အဖွဲ့အစည်းကိုပါ စာပို့အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟားဗတ်တက္ကသိုလ်က နိုင်ငံတကာကျောင်းသားတွေရဲ့ မှတ်တမ်းတွေ ရရှိဖို့ ဆင့်စာ ထုတ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်အစိုးရရဲ့ အခြေအမြစ်မရှိ လက်တုံ့ပြန်မှုတွေကနေ တက္ကသိုလ်အသိုက်အဝန်းနဲ့  တက္ကသိုလ်ရဲ့ပင်မမူဝါဒတွေကို ကာကွယ်ဖို့အတွက် မဆုတ်မနစ် အားထုတ်သွားမယ်လို့ ဟားဗတ်က ထုတ်ပြန်ထားပါတယ်။

တရားဝင် အသိအမှတ်ပြုပေးထားတဲ့ အကျိုးအမြတ်မယူတဲ့ ပညာရေး အသိအမှတ်ပြုအဖွဲ့အစည်း  New England Commission of Higher Education ထံကို အမေရိကန်ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနကနေ စာပို့အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဟားဗတ်တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ ဂျူးနဲ့ အစ္စရေးကျောင်းသားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တာကြောင့် ဖက်ဒရယ်ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်တဲ့ တက္ကသိုလ်ကို အသိအမှတ်ပြုမှု ရုပ်သိမ်းပေးဖို့ အကြောင်းကြားတာလို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် အသိအမှတ်ပြုတဲ့ကော်မရှင် အနေနဲ့ ဟားဗတ်တက္ကသိုလ်ကို ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းမှာမှ ပြန်အကဲဖြတ်ဖို့ရှိနေတာ ဖြစ်ပါတယ်။

အစိုးရဌာနတွေက ပို့တဲ့စာကို လက်ခံရရှိကြောင်းနဲ့ ကျောင်းတကျောင်းရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ဖျက်သိမ်းဖို့ အစိုးရက တိုက်ရိုက်ညွှန်ကြားလို့မရကြောင်း ကော်မရှင်က တုံ့ပြန်ပါတယ်။

တကယ်လို့ စံနှုန်းမညီဘူးဆိုရင်တောင်မှ ၄ နှစ်အတွင်း လိုက်နာပြင်ဆင်ခွင့်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဖြစ် အများလက်ခံထားကြတဲ့ ဟားဗတ်နဲ့ အမေရိကန်အစိုးရကြား ပဋိပက္ခတွေထဲက နောက်ဆုံးဖြစ်စဉ် ဖြစ်ပါတယ်။

ထရမ့်ပ်အစိုးရဟာ ဟားဗတ်ကိုပေးတဲ့ အစိုးရထောက်ပံ့ကြေး ဒေါ်လာဘီလီယံချီ ဖျက်သိမ်းခဲ့သလို  နိုင်ငံတကာကျောင်းသား လက်မခံနိုင်အောင် ပိတ်ဖို့လည်း စီမံနေပါတယ်။

ဟားဗတ်နဲ့ အမေရိကန်တဝန်းက ထိပ်တန်းတက္ကသိုလ်ကြီးတွေဟာ လက်ဝဲအစွန်းရောက်လာတယ်၊ နိုးထရေး လှုပ်ရှားမှုအတွေးအခေါ်တွေ လွှမ်းမိုးနေတယ်၊ ဂျူးမုန်းတီးဆန့်ကျင်ရေးတွေ လှုံ့ဆော်ပေးတယ်လို့ ထရမ့်ပ်အစိုးရက စွပ်စွဲထားပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာလို့လည်း ဆိုပါတယ်။

ဇွန် ၂၀ ရက်တုန်းကတော့ ထရမ့်ပ်က ဟားဗတ်နဲ့ ဆွေးနွေးနေပြီးတော့ သဘောတူညီမှု ရတော့မယ်လို့ ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာလည်း ကျိန်းသေပေါက် သဘောတူညီချက်ရမယ်လို့ ထပ်ပြောထားပါတယ်။

ဒါပေမဲ့ ဟားဗတ်ဟာ အရမ်းဆိုးရွားတဲ့ လုံးဝ ဂျူးဆန့်ကျင်ရေးနေရာ ဖြစ်နေပြီလို့ မှတ်ချက်ချပါတယ်။

ဒါပေမဲ့ အခုလို တရားဝင်အသိအမှတ်ပြုမှုပါ ရုပ်သိမ်းဖို့ အစိုးရဘက်က ဆက်လက်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013