DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမ ၁ ဦး ထိုင်းအလုပ်ရှင်၏ အဓမ္မပြုကျင့်ခံရ
DVB
·
July 8, 2025
မြန်မာရွှေ့ပြောင်းအလုပ်သမ ၁ ဦး ထိုင်းအလုပ်ရှင်၏ အဓမ္မပြုကျင့်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းနာယုဒ်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမတယောက် ထိုင်းအလုပ်ရှင်ရဲ့ အဓမ္မပြုကျင့်ခံရတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

နခွန်းနာယုဒ်ခရိုင်၊ ပါက်ဖလီမြို့နယ်၊ ကော်ဖိုးထိရပ်ကွက်၊ ဆုဝန်နဆွန်လမ်းထဲမှာ ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီကျော်က မိန်းကလေးတယောက် အဓမ္မကျင့်ခံရကြောင်း သတင်းပေးပို့ချက် ရတဲ့အတွက် ချန်နယ်လ် ၇ ရဲ့ နယ်မြေခံသတင်းထောက်ဟာ အဆိုပါနေရာကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာရောက်တော့ မိန်းကလေး ၃ ယောက် ကြောက်လန့်တကြား ငိုကြွေးနေပြီး လူတွေအုံနေတာ တွေ့ရတယ်၊ အနီးနားကလူတွေ ပြောပြချက်အရ အဲဒီမိန်းကလေးတွေဟာ စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး အလုပ်ရှင်ရဲ့ အဓမ္မပြုကျင့် စော်ကားခံရလို့ ကြောက်လန့်ပြီး ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

ကြောက်ရွံ့ပြီး တကိုယ်လုံးတုန်ရီနေတဲ့ အသက် ၂၀ အရွယ် မိန်းကလေးက သူဟာ အဲဒီဆိုင်မှာ အလုပ်ဝင်တာ ၅ ရက်ခန့်သာ ရှိသေးကြောင်း၊ အဲဒီဆိုင်မှာ သူငယ်ချင်းရှိလို့ လာလုပ်တာဖြစ်တယ်၊ အဲဒီနေ့က အလုပ်ရှင်က သူ့ကို အိပ်ခန်းထဲခေါ်သွားတယ်၊ သူက ကြောက်လို့ ငြင်းဆန်တာမှာ အလုပ်ရှင်က နင်က ဒါလောက်လည်း လှတာမဟုတ်ဘူး၊ ဘာမှမလုပ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့ နောက်တော့ အတင်းအဓမ္မပြုကျင့်တယ်၊ ဗွီဒီယိုလည်းရိုက်တယ်လို့ ပြောပါတယ်။

သတင်းထောက်က ရဲစခန်းကို ဖုန်းဆက်တော့ တာဝန်ရှိသူတွေရောက်လာပြီး သူ့ကို ပါက်ဖလီနယ်မြေ ရဲစခန်းကို ခေါ်ဆောင်သွားတယ်၊ ဆရာဝန်ဆေးစစ်ချက်အရ မုဒိမ်းကျင့်ခံရတာ မှန်ကန်တယ်လို့ ဆိုပါတယ်။

အဓမ္မကျင့်ကြံတဲ့ အလုပ်ရှင်မှာ တပ်ကြပ်အဆင့်ရှိ ကြာကျင့်ဆိုသူ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ပြီး ဒီမတိုင်ခင်ကလည်း အလားတူ မိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့ ပြစ်မှု ၃ မှု ကျူးလွန်ခဲ့ဖူးတယ်၊ ရဲစခန်းက သူ့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Thairath News / CH7 TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013