
ရုရှားပို့ဆောင်ရေးဝန်ကြီး ရိုမန်စတာအိုဗော့ကို သမ္မတ ဗလာဒီမာပူတင်က ရာထူးက ထုတ်ပယ်လိုက်ပြီး နာရီပိုင်းအကြာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စတာအိုဗော့ရဲ့ အလောင်းကို မော်စကို ဆင်ခြေဖုန်း၊ အိုဒင့်ဆိုဗိုက ကားတစင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ပါတယ်။
သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိပြီးတော့ စုံစမ်းစစ်ဆေးမှုအရ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်တာလို့ ကောက်ချက်ချထားပါတယ်။
စတာအိုဗော့ကို သမ္မတပူတင်က ဇူလိုင် ၇ ရက်မှာ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ သတ်သေသွားတယ်လို့ ဆိုပါတယ်။
ပို့ဆောင်ရေးဝန်ကြီးကို ရာထူးကထုတ်ပယ်တဲ့ အမိန့်ဒီဂရီကို ကရင်မလင် ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပြီး ဒုဝန်ကြီးကို ယာယီဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဘာကြောင့်ထုတ်ပယ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကိုတော့ “အယုံအကြည်မရှိ” လို့ အလဲအလှယ် လုပ်တာလို့ပဲ ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ်က ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ကနေ တနင်္လာနေ့အထိ ရုရှားမှာ လေကြောင်းခရီးစဉ် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ထုတ်ပယ်မှု ဆက်စပ်မှု ရှိမရှိတော့ မသိရပါဘူး။ ခရီးစဉ် ၄၈၅ ခု ဖျက်သိမ်းခဲ့ရပြီး ၈၈ ခု လမ်းကြောင်းပြောင်းခဲ့ရသလို ခရီးစဉ် ၁၉၀၀ နှောင့်နှေးခဲ့ရပါတယ်။
ဒီနှောင့်နှေးမှုဟာ ပြင်ပနှောင့်ယှက်မှုတွေကြောင့် ဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
အဲဒီကာလအတွင်းမှာ ယူကရိန်းက တာဝေးပစ်တွေနဲ့ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Source: Reuters