DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် ၁ လအတွင်း မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
July 7, 2025
မလေးရှားတွင် ၁ လအတွင်း မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

မလေးရှားနိုင်ငံတဝန်းမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို အရင်နှစ်တွေထက် ပိုပြီး ဖမ်းဆီးတာတွေ လုပ်နေတာမှာ ပြီးခဲ့တဲ့ ဇွန်လ တလအတွင်း မြန်မာနိုင်ငံသား ၂,၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ မလေးရှားရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။

အရင်က များသောအားဖြင့် လုပ်ငန်းခွင်ထဲမှာပဲ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်သူတွေကို ဖမ်းဆီးတာဖြစ်ပေမဲ့ လတ်တလောမှာတော့ မလေးရှား လဝကရဲတွေက နေအိမ်တွေကိုပါ ညသန်းခေါင် ဝင်ရောက်ဖမ်းဆီးနေတာပါ။

နေ့ရောညပါ အဖမ်းအဆီးကြမ်းနေတဲ့အတွက် ကျန်းမာရေး၊ လူမှုရေး ကိစ္စတွေအတွက် သွားဖို့လာဖို့ပါ စိုးရိမ်နေရတယ်လို့ မလေးရှားမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

ဒီလိုဖမ်းဆီးရာမှာ ကလေးတွေနဲ့ နေထိုင်မကောင်းသူတွေကိုပါ ဖမ်းဆီးနေတာဖြစ်ပြီး အချုပ်ထောင်ထဲမှာ သေဆုံးရသူတွေပါ ရှိနေတယ်လို့ သိရပါတယ်။

အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံသားတွေက တိုင်ကြားတဲ့အတွက် အခုလို အဖမ်းအဆီးများလာတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁ ရက်အထိ မလေးရှားနိုင်ငံတဝန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက ရှာဖွေဖမ်းဆီးမှုပေါင်း ၆,၉၁၃ ခုကို လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားသား ၉၇,၃၂၂ ယောက်ကို စစ်ဆေးဆောင်ရွက်ခဲ့တာမှာ လဝက ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူပေါင်း ၂,၆၃၂၀ ကို ဖမ်းဆီးခဲ့သလို တရားဝင်အထောက်အထားမရှိတဲ့ အလုပ်သမားခိုင်းစေမှုနဲ့ အလုပ်ရှင်ပေါင်း ၁,၀၀၅ ယောက်ကိုလည်း ထိန်းသိမ်းခဲ့တယ်လို့ Free Malaysia Today သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013