DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားဒုက္ခသည်များ ဘဝပြန်တည်ဆောက်ရန် အမိမြေကိုပြန်လာ
DVB
·
July 7, 2025
ဆီးရီးယားဒုက္ခသည်များ ဘဝပြန်တည်ဆောက်ရန် အမိမြေကိုပြန်လာ
Donate to DVB

ဆီးရီးယားဒုက္ခသည်တွေဟာ ၁၄ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် စီးပွားရေးပြိုလဲပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဘတ်ရှားအယ်လ် အာဆတ် အစိုးရ ပြုတ်ကျပြီးကတည်းက နေရပ်ကို ပြန်နေကြပါတယ်။

တူရကီနိုင်ငံမှာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက နေခဲ့တဲ့ မာဂျဒ်ဟာဘိဘ်က သူ့ဘဝကို ပြန်စဖို့ သူ့ရဲ့ မြို့ပျက်ဆီ ပြန်သွားခဲ့ပါတယ်။

မာဂျဒ်ဟာဘိဘ်က “ကျနော့်အတွက်၊ နိုင်ငံခြားမှာနေတုန်းက ကျနော်ရခဲ့တဲ့ ဇိမ်ခံဘဝက အခု ကျနော့်အတွက် ဘာမှမဟုတ်တော့ဘူး။ ဒီမှာ အခက်အခဲတွေ အများကြီးကြုံနေရပေမဲ့ ကျနော် လူတွေကြားထဲမှာ နေရတာကြောင့် ပြန်လာရတာ ပိုကောင်းပါတယ်။ ကျနော် ပြည်ပြေး မဟုတ်တော့တာနဲ့တင် လုံလောက်ပါပြီ” လို့ ပြောပါတယ်။

စစ်ပွဲအတွင်း သူ့အိမ်ပျက်စီးသွားပြီးတဲ့နောက် ဟာဘိဘ်ဟာ သူ့မှာရှိတဲ့ ငွေနည်းနည်းနဲ့ အိမ်ပြန်ပြင်ဖို့ အပြင်းအထန် အားထုတ်ခဲ့ပါတယ်။ အခက်အခဲတွေကြားမှာ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ ဟာဘိဘ်က ထပ်တောင်းဆိုခဲ့ပါတယ်။

“ဆီးရီးယားဒုက္ခသည်အားလုံး ပြန်လာဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့နိုင်ငံက သူတို့ကို စောင့်နေပါတယ်။ ပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ပါ။”

ဟာဘိဘ်ရဲ့ဇာတ်လမ်းက နှစ်ပေါင်းများစွာ တိုင်းပြည်ကနေ ထွက်သွားခဲ့ရပြီးတဲ့နောက် မွေးရပ်မြေကိုပြန်ဖို့ မျှော်လင့်နေတဲ့ သန်းပေါင်းများစွာသော ဆီးရီးယားနိုင်ငံသားတွေရဲ့ ရုန်းကန်မှုကို ထင်ဟပ်နေပါတယ်။

ဆီးရီးယားဟာ ကမ္ဘာ့အကြီးဆုံး ပြည်တွင်းစစ်ပြေး အကျပ်အတည်းတွေထဲက တခုအဖြစ် ဆက်ရှိနေပြီး လူပေါင်း ၆ ဒသမ ၁ သန်းကျော်က ပြည်ပမှာ ဒုက္ခသည်အဖြစ် နေထိုင်နေရဆဲပဲလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဆိုပါတယ်။

ဟာဘိဘ်လို ပြန်ရောက်လာသူတွေဟာ ခန့်ညားခြင်း ဒါမှမဟုတ် တောင့်ခံနိုင်ခြင်းတို့နဲ့ အလှမ်းဝေးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဆီးရီးယားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခံရမှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု ကင်းမဲ့တာတွေနဲ့ အစိုးရရဲ့ ပံ့ပိုးကူညီမှု ကင်းမဲ့တာတွေက နေရပ်ပြန်ဖို့ အဓိက အတားအဆီး ဖြစ်နေတယ်လို့ ဆီးရီးယားရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ၂၀၁၁ ခုနှစ်မှာ ဗြိတိန်အခြေစိုက် တည်ထောင်ခဲ့တဲ့ လွတ်လပ်တဲ့ ဆီးရီးယား လူ့အခွင့်အရေးကွန်ရက် (SNHR) က ပြောပါတယ်။

အခုနှစ် ဇွန် ၂၀ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ဒုက္ခသည် ၅ သိန်းနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စပြီး နေရပ်ကို ပြန်သွားကြပါပြီ။

အများစုက ပျက်စီးနေတဲ့ အခြေခံအဆောက်အဦတွေကို ပြန်လည်တည်ဆောက်ရေး စရိတ်စကတွေ မြင့်မားပြီး အမျိုးသားပြန်လည်ပေါင်းစည်းရေး အစီအစဉ်တွေ မရှိနေကြဘူးလို့ (SNHR) က ပြောပါတယ်။

တရားမျှတမှု၊ အခြေခံအဆောက်အအုံနဲ့ ဂုဏ်သိက္ခာတို့ကို ဦးစားပေးပြီး ဒုက္ခသည်တွေ ဆန္ဒအလျောက် ဘေးကင်းကင်း ပြန်လာနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံအဆင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ကွန်ရက်က တောင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013